လှိုင်သာယာ လူမှုဖူလုံရေးအဖွဲ့ရုံး အဝေးထိန်းမိုင်းဖြင့်တိုက်ခိုက်ခံရ တစ်လုံးပေါက်ကွဲပြီး တစ်လုံးကိုရှင်းလင်းနိုင်ခဲ့

0
311

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာအရှေ့ပိုင်းမြို့နယ်၊ (၆) ရပ်ကွက်၊ ကျန်စစ်သားလမ်းရှိ လူမှုဖူလုံရေးအဖွဲ့ရုံးသည် ယနေ့နံနက်ပိုင်းက အဝေးထိန်းမိုင်းဖြင့်တိုက်ခိုက်ခံခဲ့ရပြီး တစ်လုံးပေါက်ကွဲကာ မပေါက်ကွဲသေးသောတစ်လုံးကိုရှင်းလင်းနိုင်ခဲ့ကြောင်း သိရသည်။

လှိုင်သာယာမြို့နယ်၊ ကျန်စစ်သားလမ်း၊ နဝဒေးအိမ်ရာရှိ လူမှုဖူလုံရေးအဖွဲ့ရုံးသည် ယနေ့ အောက်တိုဘာ ၂ ရက် နံနက် ၃ နာရီ ၄၅ မိနစ်အချိန်တွင် အဝေးထိန်းမိုင်းနှစ်လုံးဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပထမမိုင်းပေါက်ကွဲခဲ့ပြီး ဒုတိယမိုင်းမှာမူ ချို့ယွင်းမှုကြောင့် မပေါက်ကွဲခဲ့ကြောင်း သိရသည်။

မပေါက်ကွဲသေးသော လက်လုပ်ဗုံးကို အောက်တိုဘာလ ၂ ရက် မနက် ၇ နာရီ ၃၀ မိနစ်တွင် လုံခြုံရေးတပ်ဖွဲ့၀င်များက တွေ့ရှိခဲ့ပြီး

စစ်ဆေးရာ မီးရှို့စနက်တံပါ လက်လုပ်ဗုံးဖြစ်ကြောင်းတွေ့ရသဖြင့် ကမ်းနားသဲကွင်းတွင် အတားအဆီးပြုလုပ်ကာ ယမ်းကပ်ဖောက်ခွဲရှင်းလင်းလိုက်ကြောင်းသိရသည်။

အဆိုပါ မိုင်းထောင်ဖောက်ခွဲမှုကို လုံခြုံရေးတပ်ဖွဲ့၀င်များက စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here