ဘဏ်ပရိုမိုးရှင်းများကညွှန်ပြ​နေ​သောတိုင်းပြည်စီးပွား​ရေး

0
483

လတ်တ​လော ဘဏ်များ၏ လူမူကွန်ယက်ရှိ အပြိုင်အဆိုင် အတိုးနူန်းကြေငြာချက်များအား ​ပေါ်ပြူလာနယူးစ်က ယှဥ်တွဲ​ဖော်ပြ​ပေးလိုက်ပါသည်။(သက်ဆိုင်ရာ ဘဏ်၏ ပရိုးမိုးရှင်းကာလ နှင့်သာ သက်ဆိုင်မည်ဖြစ်သဖြင့် အချိန်ကာလ တခုသာ အကျုံးဝင်ပါမည်)

“ဗဟိုဘဏ်က အတိုးနူန်း interval အသစ်ပြောင်းလဲသတ်မှတ်ပေးတာမရှိပါဘူး။အရင်သတ်မှတ်ချက်တွေအတွင်းမှာဘဲ သက်ဆိုင်ရာ ဘဏ်တွေက ​ပရိုမိုးရှင်းလုပ်ပြီး ​ဖောက်သည်ကိုဆွဲ​ဆောင်ကြတာပါ ” ဟု ဘဏ်တစ်ခုမှ တာဝန်ရှိသူတဦးက လက်ရှိ ဘဏ်များအပြိုင်အဆိုင် အတိုးနူန်း​​ပေးပြီး အပ်​ငွေလက်ခံ​နေမူကိုရှင်းပြသည်။

​​ငွေစုသူတစ်​ယောက်၏အ​ပြောအရ “ကျမတို့က ကုမ္မဏီလည်ပတ်​ငွေ မှာ ​ငွေ​​ချေစရာမလို​​သေးတဲ့အချိန် ​ဘဏ်ထဲ ခနအပ်ထားရင်အတိုး​လေးသုံးရတာ​ပေါ့။ ဘဏ်​တွေရဲ့ ဝန်​ဆောင်မူ​တွေကမတူကြ​တာကို​တော့ သတိပြုရတယ်။တချို့ဘဏ်က ကိုယ်ငွေပြန်ထုတ်​တော့ခက်တတ်တာမျိုး၊ကိုယ်အလုပ်လုပ်​နေကျဘဏ်ထဲမှာမှ ကိုယ်နဲ့ပုဂ္ဂိုလ်​ရေး ရင်းနှီးသူ​တွေရှိတဲ့ဘဏ်ကိုပို​ရွေးတယ်၊တခုခုဆို အကူညီ​တောင်းရမှာကိုး။အပ်မယ့်ပမာဏများရင် ကိုယ်သုံး​နေကျဘဏ်​တွေက

ငွေစုသူ အဆင်ပြေနိုင်အောင် ငွေအထုတ်အသွင်းတွေကို ကူညီပေးကြတယ်”ဟုဆိုသည်။

ဘဏ်များထုတ်ပြန်ထားသည်ကို​တော့ ​သေချာ​လေ့လာပြီးမှဘဏ်သို့ သွားသင့်​ကြောင်းကိုအပ်​ငွေထည့်လာသည့်သူတ​ယောက်က” ကျ​နော်​သေချာ​လေ့လာပြီးမှဘဏ်သွားလို့​တော်​သေးတယ်။ဘဏ်မှာ တချို့ဝန်ထမ်း​တွေက အတိုးနူန်းဘယ်ဟာကပိုသာတယ်ဆိုတာလိမ့်ပတ်​လည်အောင်မရှင်းပြတတ်တာရှိတယ်။ကိုယ်က တခါမှမအပ်ဖူး​တော့ အပ်​ငွေစာအုပ်ရမယ်ထင်​နေတာ၊ certificate စာရွက်ပဲရတယ်ဆိုတာ ​နောက်မှသိတယ်”ဟုဆိုသည်။

အချို့ပရိုမိုးရှင်းများ သီတင်းကျွတ်ကာလသာအကျုံးဝင်ခြင်း၊ရက် ၉၀ ပရိုမိုးရှင်းကို ခုအပ်လို့ပြည့်မှာက နှစ်သစ်ကူး ရုံးပိတ်ရက်များဖြစ်သဖြင့်ထိုရက် ခရီးလွန်​နေပါက ကိုယ်စား ​ဆောင်ရွက်မရသည့်ဘဏ်များရှိခြင်း၊

သက်တမ်းပြည့်ပြီး ၅ရက်အတွင်းစာရင်း​ပြောင်း ​ပြီးငွေထုတ်ဖို့မလုပ်ပါက ပုံမှန်ယခင်အတိုးနူန်းဖြင့်သာ ၃လ ထပ်မံ ထား​ပေးရမည့်ပုံစံတို့ရှိတတ်သည်။

မိမိရမည့်အတိုးကိုတွက်ပုံမှာ အပ်​ငွေကို အတိုးနှင့်​မြှောက်၊ ၁၀၀ နှင့်စား၊ရလာသည့် ပမာဏကို ၃၆၅ ရက်နှင့်ပြန်စားပါက တရက် ရမည့်အတိုး​ငွေဖြစ်ပြီး၊မိမိအပ်မည့် ရက် ၉၀၊ရက်၁၀၀ စသည်တို့နှင့် ပြန်​မြှောက်ပါက ထားသည့်ကာလအတွက်ဝင်​ငွေဖြစ်သည်။လစဥ်ရသည့်အတိုးကိုပါ တိုးရင်း​ပေါင်း၍ အတိုးတွက်​ပေးလား​မေးဖို့မ​မေ့ပါနှင့်။

ယခုကာလ ဘဏ်များက အပ်​ငွေကို အတိုးနူန်း အပြိုင်​ပေး၍ ဆွဲ​ဆောင်​နေမူ၏ညွှန်ပြ​နေ​သော အချက်မှာ လုပ်ငန်းကြီးများလည်ပတ်​​လာနေသဖြင့် ဘဏ်မှ ​ချေး​ငွေ ပြန်လည်ထုတ်​ပေးမူသွက်လာ​နေ​ကြောင်း ညွှန်ပြ​နေသည်။

” စဉ်းစားစရာ တော့ရှိပါတယ်၊ပြည်သူဗဟိုပြုတဲ့ ဝန်ဆောင်မှုကို တကယ်အာရုံစိုက်လာတာလားဆိုတာကိုပါ၊ဘာပဲဖြစ်ဖြစ် ပြည်သူတွေအနေနဲ့တော့ သေသေချာချာ စဉ်းစားပြီး လုပ်ကြဖို့တော့လိုတယ်” ဟု ပြည်တွင်းရှိ ဘဏ်လုပ်ငန်းကျွမ်းကျင်သူ တစ်ဦးက သုံးသပ်ပြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here