ရန်ကုန်-မန္တလေးအမြန်လမ်းတွင် HIGER MINI BUS ကားတိမ်းမှောက် ၄ ဦးဒဏ်ရာရ

0
214

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၏ ဥသျှစ်ကုန်းအမြန်လမ်းမီးသတ်စခန်းအပိုင်တွင် အောက်တို ဘာ ၂ ရက်ညပိုင်းက HIGER MINI BUS ကားတစ်စီးတိမ်းမှောက်ခဲ့သည်ဟု အမြန်လမ်းမီးသတ်တပ်ဖွဲ့မှ သိရသည်။

ယင်းနေ့ည ၁၀ နာရီ ၅၀ မိနစ်ခန့်က ရန်ကုန်-မန္တ လေးအမြန်လမ်းမကြီး၏ ဥသျှစ်ကုန်းအမြန်လမ်းမီးသတ်တပ်ဖွဲ့စခန်းအပိုင် မိုင်တိုင်အမှတ် ၇၆/၁ နှင့် ၇၆/၂ ကြားတွင် အမျိုးသား ၅ ဦး၊အမျိုးသ မီး ၅ ဦးနှင့်ကလေးငယ် ၂ ဦးတို့လိုက်ပါလာသည့် HIGER MINI BUS (အဖြူရောင်)ကား တိမ်းမှောက်ခဲ့သည်။

ဥသျှစ်ကုန်းအမြန်လမ်းမီးသတ်စခန်းနှင့်ဥသျှစ်ကုန်းအမြန်လမ်းရဲတပ်ဖွဲ့ဝင်များက သွားရောက်ကူညီခဲ့ရာ ကားပေါ်တွင်လိုက်ပါလာသူများအနက် အမျိုးသား ၃ ဦးနှင့်အမျိုးသမီး ၁ ဦး(စုစုပေါင်း ၄ ဦး)တို့တွင် ထိခိုက်ဒဏ်ရာများ(မစိုးရိမ်ရ)ရရှိခဲ့သည်။

ထို့ကြောင့် ထိခိုက်ဒဏ်ရာရသူ ၄ ဦးအား ၁၉၂ လူနာတင်ကားဖြင့် မြို့ချောင်းဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here