ယနေ့စက်သုံးဆီစျေးနှုန်းများ ၂၀၀၀ အောက်ရောက်ရှိ

0
876

ယနေ့တွင် ရန်ကုန်တိုင်းအတွင်း၌ 92 Ron တစ်လီတာလျင် ၁၉၅၀ ကျပ်ဖြင့်ရောင်းချပေးလျက်ရှိသည်ကို စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှထုတ်ပြန်သည့် ရည်ညွှန်းလက်လီစျေးနှုန်းများအရ သိရသည်။ အချို့ဆိုင်များတွင် ၁၉၃၀ ကျပ် ဖြင့်ရောင်းပေးနေကြောင်း ယနေ့ မနက် ကားဆီဖြည့်ခဲ့သူတစ်ဦးထံမှ သိရသည်။ 

မန္တလေး၊နေပြည်တော်၊ပဲခူး၊မကွေး၊ပုသိမ်၊ဘားအံနှင့်မော်လမြိုင်တို့တွင်လည်း 92 Ron တစ်လီတာလျင် ၁၉၀၀ ကျပ်ကျော်၊ ထားဝယ်၊မုံရွာ၊မြစ်ကြီးနား၊စစ်တွေ၊လားရှိး၊တောင်ကြီး၊လွိင်ကော်၊ဟားခါးနှင့်ကျိုင်းတုံတိုတွင်လည်း 92 Ron တစ်လီတာလျင် ၂၀၀၀ ကျပ်ကျော်သာရှိခဲ့သည်။

စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ် ငန်းကြီးကြပ်ရေးကော်မတီ၏ ယနေ့ ထုတ်ပြန်ခဲ့သည့် စက်သုံးဆီရည်ညွှန်းစျေးနှုန်းများအရ ရန် ကုန်တိုင်းအတွင်း၌ လက်လီစျေးအဖြစ် 92 Ron တစ်လီတာလျင် ၁၉၅၀ ကျပ်၊ 95 Ron တစ်လီတာလျင် ၂၀၂၀ ကျပ်၊ HSD (500 ppm) တစ်လီတာလျင် ၂၃၆၅ ကျပ် သတ်မှတ်ခဲ့သည်။

အလားတူ HSD (50 ppm)နှင့် HSD (10 ppm)တိုမှာ တစ်လီတာလျင် ၂၄၅၀ ကျပ်အဖြစ် စက်သုံးဆီရည်ညွှန်းလက်လီစျေးနှုန်းများအဖြစ် သတ် မှတ်ခဲ့သည်။

ထိုပြင် စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ၏ စက်သုံးဆီရည်ညွန်းလက်ကားစျေးနှုန်းမှာလည်း ရန်ကုန်တိုင်း ၌ 92 Ron တစ်လီတာလျင် ၁၈၅၄ ကျပ်၊ 95 Ron တစ်လီတာလျင် ၁၉၁၉ ကျပ်၊ HSD(500 ppm) တစ်လီတာလျင် ၂၂၆၁ ကျပ်၊ HSD (50 ppm)နှင့် HSD(10 ppm)တို့မှာ တစ်လီတာလျင် ၂၃၃၂ ကျပ်တို့ဖြစ်သည်။

အဆိုပါ စျေးနှုန်းများအား စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူခြင်းလုပ်ငန်းကြီးကြပ်ရေးကော် မတီမှ MOPS စျေးနှုန်းအပေါ်တွင် အခြေခံတွက် ချက်ထားခြင်းဖြစ်သည်။

မြန်မာနိုင်ငံ ဗဟိုဘဏ်အနေဖြင့် ပြည်တွင်း စက်သုံးဆီ တင်သွင်းသည့် ကုမ္ပဏီများအကြား လိုအပ်ချက်မြင့်မားနေသည့် ‌ကန်ဒေါ်လာလိုအပ်ချက်ကို ထိန်းညှိပေးသည့်အနေဖြင့် ကန်ဒေါ်လာ သန်း ၂၀၀ ကျော်ကို ပြီးခဲ့သည့် စက်တင်ဘာလဆန်းပိုင်းက ထုတ်ချေးပေးခဲ့သည်။ 

ဗဟိုဘဏ်က စက်သုံးဆီတင်သွင်းရာ၌ ယွမ် ဖြင့်ပါပေးချေနိုင်ကြောင်း စက်တင်ဘာ ၃၀ ရက်ကထုတ်ပြန်ခဲ့သေးသည်။ 

ဗဟိုဘဏ်က ပြည်တွင်းရှိစက်သုံးဆီတင်သွင်းသည့် ကုမ္ပဏီများအနေဖြင့် Trade Financing ရယူထားသည့် နိုင်ငံခြားငွေများ ပြန်လည်ပေးချေရာတွင် တရုတ်ယွမ်ငွေဖြင့်ပါ ပြန် လည်ပေးချေနိုင်ကြောင်း နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီ၏ အစည်းအဝေးဆုံးဖြတ်ချက်အရ စက်တင်ဘာ ၃၀ ရက်က ခွင့်ပြုထုတ်ပြန်ခဲ့သည်။

သီလဝါဆိပ်ကမ်း၌  စက်တင်ဘာလအတွင်း ပထမအကြိမ် ဆီဂါလံ စုစုပေါင်း ၂၄၆.၁၄ သန်း၊ စက်တင်ဘာ ၂၅ ရက်က ဆီဂါလံ စုစုပေါင်း ၆သန်း ကျော်၊ စက်တင်ဘာလ ၂၈ ရက်တွင်လည်း ဆီဂါလံ စုစုပေါင်၈သန်းကျော်ဆီချခဲ့ပြီး ဖြစ်ကြောင်း စီးပွားကူးသန်းဝန်ကြီးဌာန၏ အချက်အလက်များအရသိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here