သထုံမြို့တွင် အဆောက်အဦးဆောက်ရန် မြေတူးရာမှ ရှေးဟောင်းအုတ်ခွက်ဘုရားများတွေ့ရှိ

0
336

မွန်ပြည်နယ်၊သထုံမြို့၊သိမ်ကုန်းရပ်ကွက်၊ရွှေစာရံဘုရားလမ်းရှိ အ.ထ.က(၂)ကျောင်းဝင်းအတွင်း စက်တင်ဘာ ၃၀ ရက်နံနက်ပိုင်းက ကျောင်း ဆောင်သစ်ဆောက်လုပ်ရန်မြေတူးရာမှ ရှေး ဟောင်းအုတ်ခွက်ဘုရားများတူးဖော်တွေ့ရှိခဲ့ကြောင်း သိရသည်။

ယင်းနေ့နံနက် ၁၁ နာရီခန့်က တူးဖော်တွေ့ရှိခြင်းဖြစ်ကာ အုတ်ခွက်ဘုရားသည် မုဒြာပုံစံ အမျိုးမျိုးဖြင့် ရုပ်လုံးပေါ် ရှေးဟောင်းအုတ်ခွက်ဘုရားများဖြစ်ကာ အုတ်ခွက်ဘုရား အကျိုးအပဲ့များကိုလည်း တွေ့ရှိခဲ့ရကြောင်း သိရသည်။

“အုတ်ခွက်ဘုရားကောင်းတဲ့ဟာကော အကျိုးအ ပဲ့ကော အားလုံးပေါင်းစစ်ပြီးတဲ့အထိ အချပ်ရေ ၂၁၀ ကျော်လောက်ရှိတယ် ကျန်တာတွေလည်းရှိသေးတယ် ရှေးဟောင်းသုတေသနဌာနကိုအပ်နှံသွားမှာပါ”ဟု သထုံမြို့၏ တာဝန်ရှိသူတစ်ဦးကပြောသည်။

၂၀၁၅ ခုနှစ်၊ ဇွန် ၁၅ ရက်၊ ဇူလိုင် ၁၅ ရက်၊ သြဂုတ် ၈ ရက်နှင့်စက်တင်ဘာ ၁၅ ရက်နေ့တို့ကလည်း စတုဘုမ္မိကမဟာသတိပဌာန်(ငှက်တွင်း) ကျောင်းတိုက်ဝင်းအတွင်း၌ အုတ်ခွက်ဘုရားအ ချပ်ရေ ၆၅၀ ကျော်နှင့်အကျိုးအပဲ့ ၉၀ဝ နီးပါးအားတူးဖော်တွေ့ရှိခဲ့သည်။

ယခု တွေ့ရှိခဲ့သည့် အုတ်ခွက်ဘုရားများသည် ၂၀၁၅ ခုနှစ်ကတွေ့ရှိခဲ့သည့် အုတ်ခွက်ဘုရားများနှင့်လက်ရာတူ၊ပုံစံတူဖြစ်ပြီး ပုဂံခေတ်ထက်စောနိုင်ပြီး အိန္ဒိယအရှေ့တောင်ပိုင်း၌ ထွန်းကားခဲ့သည့်(Pala-Sena Period)လက်ရာမျိုးဖြစ်သည်ဟု ယူဆရကြောင်း ရှေးဟောင်းသတေသနပညာရှင် ဦးစံဝင်းက မှတ်ချက်ပြုထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here