“Samsung နှင့်အတူ ဝေမျှကူ” အစီအစဥ်အား မြန်မာနိုင်ငံတစ်ဝန်းမှာ စတင်မိတ်ဆက်

0
573

စက်တင်ဘာလ ၂၅ ရက်၊ ၂၀၂၂ ခုနှစ် – နှစ်စဉ်ကျင်းပလေ့ရှိသော Samsung Love & Care လူမှုအကျိုးပြုအစီအစဉ်ရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် ဝယ်ယူအားပေးသူများကိုယ်တိုင် ပါဝင်လှုူဒါန်းသွားနိုင်မည့် “Samsung နှင့်အတူ ဝေမျှကူ” အစီအစဉ်အား မြန်မာနိုင်ငံတစ်ဝန်းတွင် စတင်မိတ်ဆက်ခြင်းကို ယနေ့ပင်ကြေညာခဲ့ပါတယ်။

အဆိုပါ အစီအစဉ်အရ ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၂၃ ရက်နေ့မှ အောက်တိုဘာလ ၁၂ ရက်နေ့ကာလအတွင်း Samsung စမတ်ဖုန်းများကို ဝယ်ယူအားပေးသူများအနေနဲ့ငွေကျပ် ၅ သိန်းအထိ၊ အိမ်သုံးလျှပ်စစ်ထုတ်ကုန်များကို ဝယ်ယူအားပေးသူများအနေနဲ့ ငွေကျပ် ၁၂ သိန်းအထိ Cashback အကျိုးခံစားခွင့်များကို လက်ငင်းရရှိခံစားနိုင်မယ့်အပြင် ဝယ်ယူမှုတိုင်းအတွက် လှုူဒါန်းငွေပမာဏ ၃,၀၀၀ ကျပ် မှ ၁၀,၀၀၀ ကျပ်အထိကိုလည်း လိုအပ်တဲ့နေရာများကို Samsung က မျှဝေပေးသွားမှာဖြစ်ပါတယ်။

Samsung Love & Care အစီအစဉ်အား ၂၀၁၅ ခုနှစ်က စတင်လုပ်ဆောင်ခဲ့တာ​ဖြစ်
ပြီး နိုင်ငံတစ်ဝန်းမှ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ၊ မျက်မမြင်နဲ့ မသန်စွမ်း အဖွဲ့အစည်းများ၊ ကျောင်းသားလူငယ်များအတွက် လိုအပ်တဲ့ကူညီထောက်ပံ့မှုများနဲ့ အသိပညာပေးမှုများအား နှစ်စဉ်လုပ်ဆောင်ပေးလျက်ရှိကြောင်းသိရပါတယ်။

”Samsung နဲ့အတူ ဝေမျှကူ” အစီအစဉ် အကြောင်း >> https://bit.ly/3LY0X8z


LEAVE A REPLY

Please enter your comment!
Please enter your name here