မော်လမြိုင်မြို့ရှိ ကားပစ္စည်းအဟောင်းဂိုထောင်တွင် နာရီဝက်နီးပါးကြာမီးလောင်မှုဖြစ်

0
191

မွန်ပြညန်ယ၊မော်လမြိုင်မြို့၊ကွမ်းခြံကုန်းရပ် ကွက်၊မြိုင်သဇင်လမ်းရှိ ကားပစ္စည်းအဟောင်းဂိုထောင်၌ အောက်တိုဘာ ၄ ရက်(ယနေ့)နံနက်ပိုင်းက နာရီဝက်နီးပါးကြာမီးလောင်မှုဖြစ်ပွားခဲ့သည်ဟု မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်နှင့်လူမှုကူ ညီရေးအသင်းများမှ သိရသည်။

ယနေ့နံနက် ၇ နာရီခွဲခန့်က ကွမ်းခြံကုန်းရပ်ကွက်၊ မြိုင်သဇင်လမ်းရှိ ကားပစ္စည်းအဟောင်းဂိုထောင် ၌ မီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရ မော်လမြိုင်မြို့နယ်မီးသတ်စခန်း၊မြိုင်သာယာနယ်မြေမီးသတ်စခန်း၊မြိုင်သာယာအရန်မီးသတ်စခန်း၊ဈေးချိုနယ်မြေမီးသတ်စခန်း၊ရာမညလူမှုကူညီရေးအသင်း၊ကွမ်းခြံကုန်းလူမှုကူညီရေးအသင်းနှင့်အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ကြသည်။

ထိုသို့ ငြိမ်းသတ်မှုကြောင့် နံနက် ၇ နာရီ ၅၅ မိနစ် ၌ မီးငြိမ်းသွားခဲ့ပြီး မီးလောင်မှုဖြစ်ပွားရသည့်အ ကြောင်းရင်းနှင့်ပျက်စီးဆုံးရှုံးမှုတန်ဖိုးအား မီး သတ်တပ်ဖွဲ့တာဝန်ရှိသူများက စစ်ဆေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here