မန္တလေးမြို့တွင် အဌားကားမောင်းသူအားသတ် ဖြတ်၍ ကားကိုလုယက်မောင်းနှင်သွားသူများကို အချိန်တိုအတွင်းဖမ်းဆီးရမိခဲ့

0
135

မန္တလေးမြို့၊ပြည်ကြီးတံခွန်မြို့နယ်တွင် အောက် တိုဘာ ၂ ရက်ညပိုင်းက အဌားကားမောင်းသူ ကိုပြည့် အားသတ်ဖြတ်၍ ကားကိုလုယက်မောင်းနှင်သွားသူများကို တောင်ကြီးမြို့တွင် ရဲတပ်ဖွဲ့ဝင်များက အချိန်တိုအတွင်း ဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။

လုယက်မှုကျူးလွန်သွားသူများအား ဖမ်းဆီးရမိရန် မန္တလေးတိုင်းရဲတပ်ဖွဲ့ဝင်များက တိုင်းနှင့်ပြည် နယ်ရဲတပ်ဖွဲ့ချင်းချိတ်ဆက်ဆောင်ရွက်ခဲ့ကြသဖြင့် အောက်တိုဘာ ၃ ရက်တွင် တောင်ကြီးမြို့၌ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

“ပြစ်မှုကျူးလွန်သူတွေကို မိထားတယ်ဆိုတာဟုတ်ပါတယ် လိုအပ်တဲ့စစ်ဆေးတာတွေလုပ် ဆောင်နေပါတယ်”ဟု လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူတစ်ဦးကပြောသည်။

အဌားကားမောင်းသည့် ကိုပြည့်အား အောက် တိုဘာ ၂ ရက်နံနက် ၇ နာရီကျော်ခန့်က ပြစ်မှုကျူး လွန်သူများမှ မြို့တွင်း၌ဘုရားဖူးရန် ကားဌားမည်ဟုပြောဆိုဌားရမ်းသဖြင့် နေအိမ်မှထွက်ခွာသွားပြီးနောက် ပြန်လည်ရောက်ရှိလာခြင်းမရှိ၍ မိ သားစုဝင်များက ရဲစခန်း၌လူပျောက်တိုင်ကြားခဲ့ကြသည်။

ရုပ်အလောင်းအား ည ၈ နာရီခန့်တွင် ပြည်ကြီးတံခွန်မြို့နယ်၊ ၁၂၈လမ်းနှင့်စက်မှုပန်းခြံလမ်း ထောင့်၊မြို့နယ် EPC ရုံးအနောက်ဘက်တွင် တွေ့ရှိခဲ့ရပြီး ကားကိုတွေ့ရှိရခြင်းမရှိတော့ကြောင်း သိရသည်။

ထို့ကြောင့် ပြစ်မှုကျူးလွန်သွားသူများအား ဖမ်း ဆီးရမိရန် ချိတ်ဆက်ဆောင်ရွက်ခဲ့ကြသဖြင့် လုယက်ယူဆောင်သွားသည့် အဌားကားနှင့်အတူ ပြန်လည်ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here