စက်သုံးဆီဈေး ၂၀၀၀ ကျပ်အောက် ဆက်ရှိ၊ ရွှေဈေး ဒေါ်လာနှင့် ထိုင်းဘတ်ဈေးများအနည်းငယ်ပြန်တက်

0
249

ပြည်တွင်း စက်သုံးဆီ ဈေးနှုန်းမှာ ၂၀၀၀ ကျပ်အောက်တွင် ဆက်ရှိနေပြီး ရွှေဈေး ဒေါ်လာနှင့် ထိုင်းဘတ်ဈေး နှုန်းများ ပြန်တက်လာကြောင်း သိရသည်။

ယနေ့ အောက်တိုဘာ (၄) ရက် ပြည်တွင်း စက်သုံးဆီ လ က်လီဈေးနှုန်းများမှာ 92 တစ်လီတာလျင် ၁၉၃၀ ကျပ်ဖြစ်ပြီး 95 တစ်လီတာလျင် ၁၉၉၅ ကျပ်၊ 97 တစ်လီတာလျင် ၂၄၃၀ ကျပ် ဖြစ်ကြောင်း စက်သုံးဆီ တင်သွင်း သို လှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေး ကော်မတီမှ သိရသည်။

ပြည်တွင်း ရွှေဈေးကွက်တွင် ယနေ့ အောက်တိုဘာ (၄) ရ က် နေ့လယ်ပိုင်း ဈေးကွက်ပေါက်ဈေးအရ အခေါက်ရွှေ တစ်ကျပ်သားလျင် (၂၆) သိန်းကျော်ဖြင့် အရောင်းအ ဝယ် ပြုလုပ်နေကြပြီး ယမန်နေ့ ညနေပိုင်း ဈေးကွက်ပိတ်ချိန်ပေါက်ဈေးထက် (၁) သိန်းကျပ်ဝန်းကျင် မြင့်တက်လာကြော င်း သိရသည်။

ရန်ကုန်အထိုင် ရွှေအရောင်း ကောင်တာအချို့၏ ယနေ့ အရောင်းအဝယ် ဈေးနှုန်းများမှာ အခေါက်ရွှေ တစ်ကျပ်သားလျင် ရောင်းဈေး ၂၆၉၀၀၀၀ ကျပ်ဖြစ်ပြီး ဝယ်ဈေးမှာ ၂၆၄၀၀၀၀ ကျပ် ဖြစ်ကြောင်း သိရသည်။

အလားတူ ပြည်တွင်း နိုင်ငံခြားငွေလဲဈေးကွက်တွင် အမေရိကန် တစ်ဒေါ်လာလျင် ၂၉၃၀ ကျပ်ဖြင့် အရောင်းအ ဝယ်ဖြစ်နေပြီး နေရာအလိုက် ဈေးနှုန်းကွာဟမှု ရှိနိုင်ကြောင်း သိရသည်။

ထို့အပြင် ပြီးခဲ့သည့်အပတ်အတွင်းက အကျဘက်သို့ ဦးတည်ခဲ့သည့် ထိုင်းဘတ်ငွေ ဈေးနှုန်းမှာလည်း ယနေ့ အောက်တိုဘာ (၄) ရက်တွင် ထိုင်းငွေ တစ်ဘတ်လျင် မြန်မာငွေ (၈၀) ကျပ်အထိ ပြန်လည် မြင့်တက်ခဲ့ကြောင်း ထိုင်း – မြန်မာနယ်စပ် မြဝတီငွေလဲဈေးကွက်မှ သိရသည်။

ယနေ့ အောက်တိုဘာ (၄) ရက် နေ့လယ်ပိုင်း ရန်ကုန်ရွှေအသင်း၏ ရည်ညွှန်းဈေးနှုန်းမှာ အခေါက်ရွှေ တစ်ကျပ်သားလျင် ၁၉၉ ၈၀၀၀ ကျပ်ဖြစ်ပြီး ကမ္ဘာ့ရွှေဈေးနှုန်းမှာ တစ်အောင်ဆလျင် အမေရိကန်ဒေါ်လာ ၁၇၀၄ ဒေါ်လာ ဖြစ်ကြောင်း သိရသည်။

ဗဟိုဘဏ် ရည်ညွှန်း ငွေလဲ ဈေးနှုန်းမှာ တစ်ဒေါ်လာ ၂၁၀၀ ကျပ်ဖြစ်ပြီး အဆိုပါ ဈေးနှုန်းနှင့် ၃ ရာခိုင်နှုန်းသာ ကွာဟ ရောင်းဝယ်ကြရန် ညွှန်ကြား ထားခြင်း ဖြစ် သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here