မိုင်းဖုန်း ရွှေစေတီဗုဒ္ဓဂယာ မဟာဗောဓိ စေတီတော်ကြီးအား မိုင်းဖုန်းဆရာတော်ကြီး၏မွေးနေ့ဖြစ်သည့် ၂၀၂၃ ခုနှစ်၊ဇန်နဝါရီ ၅ ရက်တွင် ထီးတော်တင်လှူပူဇော်မည်

0
346

မိုင်းဖုန်း ရွှေစေတီဗုဒ္ဓဂယာ မဟာဗောဓိ စေတီတော်ကြီးအား မိုင်းဖုန်းဆရာတော်ကြီး၏မွေးနေ့ဖြစ်သည့် ၂၀၂၃ ခုနှစ်၊ဇန်နဝါရီ ၅ ရက်တွင် ထီးတော်တင်လှူပူဇော်သွားမည်ဖြစ်ကြောင်း သိရသည်။

ထီးတော်တင်လှူပူဇော်ပွဲသို့ မိုင်းဖုန်းဆရာတော်ကြီးကြွရောက်၍ တင်လှူပူဇော်သွားမည်ဖြစ်ကာ မွေးနေ့အကြိုဖြစ်သည့် ၂ ရက်၊ ၃ ရက်၊ ၄ ရက်နှင့် ၅ ရက်နေ့တို့တွင် စေတီတော်ကြီးတွင် ဆရာတော်ကြီးမှ တရားဟောကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မိုင်းဖုန်းဆရာတော်ကြီးသည် အောက်တိုဘာ ၄ ရက်(ယနေ့)နံနက်ပိုင်းက မိုင်းဖုန်း ရွှေစေတီဗုဒ္ဓဂယာ မဟာဗောဓိစေတီတော်ကြီးသို့ ကြွရောက် ၍လိုအပ်သည်များကို မိန့်ကြားကာ ဘုရားရှိခိုး၊ရေစက်ချအမျှပေးဝေခြင်းများပြုလုပ်ခဲ့သည်။

“ထီးတော်တင်လှူပူဇော်မယ့်ရက်ကို ဆရာတော်ကြီးကိုယ်တိုင် ဇန်နဝါရီ ၅ ရက်မှာလုပ်ဖို့အတည် ပြုမိန့်ကြားခဲ့ပါတယ် တရားဒေသနာတော်တွေလည်းဟောကြားပေးသွားမယ်လို့မိန့်မှာပါတယ်” ဟု မိုင်းဖုန်းဆရာတော်ကြီး၏ တပည့်သာဝကတစ်ဦးကပြောသည်။

ထီးတော်တင်လှူပူဇော်ပွဲတွင် ဆရာတော်ဘုရားကြီး၏ တရားတော်များနာယူနိုင်ရန်နှင့်ထီးတော်တင်လှူပူဇော်ရာတွင် အတူတကွကုသိုလ်ရရှိနိုင်ရန် ကြွရောက်ပူဇော်ရန်လည်း မိုင်းဖုန်းဆရာတော်ကြီး၏ တပည့်သာဝကများက ဖိတ်ကြားထား သည်။

Photo-Ko Sai Sai


LEAVE A REPLY

Please enter your comment!
Please enter your name here