ပြည်သူများ၊ကုန်သွယ်မှုများ၊ None Trade လုပ်ငန်းများမှရရှိသည့် အခွန်ငွေများအား ဘတ်ဂျက်ရေးဆွဲ၍ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်

0
178

ပဲခူးတိုင်း၊ပြည်ခရိုင်အတွင်းရှိ အသေးစား၊အငယ်စားနှင့်အလတ်စား စီးပွားရေး(MSME)လုပ်ငန်းရှင်များအား နစက ဥက္ကဋ္ဌ၊ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ အောက်တိုဘာ ၄ ရက်(ယနေ့)နံနက်ပိုင်းကတွေ့ဆုံ၍ စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက်ဆွေးနွေးရာ၌ ပြောကြားခဲ့ခြင်းဖြစ်သည်။

“နိုင်ငံရေးနဲ့စီးပွားရေးဟာ ဆက်စပ်လျက်ရှိပါတယ် စီးပွားရေးကောင်းမွန်မှုမရှိရင် နိုင်ငံရေးတည်ငြိမ်ခိုင်မာမှုလည်း ရှိမှာမဟုတ်ပါဘူး”ဟု နစက ဥက္ကဋ္ဌကပြောသည်။

စီးပွားရေးကျဆင်းမှုများကြောင့် နိုင်ငံရေးပြဿ နာများဖြစ်ပေါ်နိုင်၍ စီးပွားရေးကောင်းမွန်တိုး တက်ရန် မိမိတို့အနေဖြင့် ကြိုးပမ်းဆောင်ရွက်နေခြင်းဖြစ်ကာ မိမိတို့သည် ဈေးကွက်စီးပွားရေးစ နစ်ကိုကျင့်သုံးဆောင်ရွက်နေခြင်းဖြစ်ပြီး လုပ် ငန်းရှင်များအနေဖြင့် မိမိကိုယ်ကိုသာ အားကိုးဆောင်ရွက်ရမည်ဟု ပြောသည်။

“နိုင်ငံတော်က မူဝါဒပိုင်းကိုပဲ ထိန်းသိမ်းဆောင် ရွက်ပေးသွားမှာဖြစ်ပါတယ် စီးပွားရေးလုပ်ငန်းတွေ တိုးတက်စေဖို့အတွက် MSME လုပ်ငန်းတွေကို အားပေးဆောင်ရွက်ရမယ် ပြည်ခရိုင်အတွင်းမှာ MSME လုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရပါမယ်”ဟု နစက ဥက္ကဋ္ဌကမှာကြားသည်။

မြန်မာနိုင်ငံတွင် ဆန်၊စပါး၊အသီးအနှံများလုံ လောက်စွာရှိပြီးဖြစ်၍ ယင်း လုပ်ငန်းများကို အ ခြေခံကာ နိုင်ငံ့စီးပွားတိုးတက်ရေးကို ဆောင် ရွက်ရမည်ဟု မှာကြားသည်။

“စီးပွားရေးလုပ်ငန်းတွေ ဆောင်ရွက်နေသူတွေအ နေနဲ့ အခွန်ရှောင်မှုတွေနဲ့ပြည့်ဝအောင် မပေးဆောင်သူတွေလည်းရှိပါတယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။

နိုင်ငံ၏ဝင်ငွေသည် ပြည်သူများထံမှရရှိသည့် အ ခွန်ငွေ၊ကုန်သွယ်မှုများမှရရှိသည့် အခွန်ငွေ၊ None Trade လုပ်ငန်းများမှလည်း နိုင်ငံခြားဝင်ငွေရရှိပြီး ယင်း ရရှိသည့်အခွန်ငွေများအား ဘတ်ဂျက်ရေးဆွဲ၍ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ရခြင်းဖြစ်ကာ ပြည်တွင်းစီးပွားရေးကိုမြှင့်တင် ဆောင်ရွက်နိုင်မှသာ နိုင်ငံဖွံ့ဖြိုးတိုးတက်လာမည်ဟု နစက ဥက္ကဋ္ဌကမှာကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here