ပေါင်းလောင်းရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံရှိ အမှတ်(၄)စက်အကြီးစားပြုပြင်ပြီးပါက (၈)မဂ္ဂါဝပ် ပြန်လည်ရရှိမည်

0
510

နေပြည်တော်၊ဇေယျာသီရိမြို့နယ်ရှိ ပေါင်းလောင်းရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ၏ အမှတ်(၄)စက်အကြီးစားပြုပြင်ပြီးပါက ယခင် လျော့နည်းနေသည့် စက်တပ်ဆင်စွမ်းအား(၈)မဂ္ဂါဝပ် ပြန်လည်ရရှိမည်ဖြစ်ကာ တစ်နှစ်လျင် ပျမ်း မျှ ၃၄ ဒသမ ၂၄ ကီလိုဝပ် နာရီသန်းတိုးတက်ရရှိမည်။ 

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒု-ဝန်ကြီးဒေါက်တာအောင်ဇေယျ ကပေါင်းလောင်းရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံ၏ စက်ရုံလည်ပတ်မောင်းနှင်နေမှု၊တာဘိုင် Guide Vane ပြုပြင်နေမှု၊ Stator နှင့် Rotor တို့အား Insulation Painting ပြုလုပ်ခြင်း၊အမှတ်(၄)စက်ထိန်းချုပ်စနစ်မှ Software Upgrading ပြုလုပ်နေမှုကို အောက်တိုဘာ ၄ ရက်က ကြည့်ရှုစစ်ဆေးစဉ် စက်ရုံမှူးမှရှင်းလင်းတင် ပြခဲ့ခြင်းဖြစ်သည်။

“နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ဖို့နဲ့ ပြည်သူတွေရဲ့ လျှပ် စစ်ဓာတ်အားလိုအပ်ချက်ကို ပြည့်မှီအောင် ဖြည့် ဆည်းပေးနိုင်ဖို့အတွက် ရေအားလျှပ်စစ်ဓာတ် အားပေးစက်ရုံ စီမံကိန်းတွေကို အကောင်အ ထည်ဖော်နေပါတယ်”ဟု ဒု-ဝန်ကြီးဒေါက်တာအောင်ဇေယျကပြောသည်။

ချွတ်ယွင်း၍ စွမ်းရည်လျော့နည်းကျဆင်းနေသည့် စက်ပစ္စည်းများအား အမြန်ဆုံးပြုပြင်နိုင်ရန်ဆောင်ရွက်ရမည်ဖြစ်ကာ စက်ရုံရေရှည် တည် တံ့ခိုင်မြဲအောင်ဆောင်ရွက်ရမည်ဟုလည်း ပြော သည်။

“ပြည်သူတွေအတွက် တည်ငြိမ်ပြီး အရည်အသွေးကောင်းမွန်တဲ့ လျှပ်စစ်ဓာတ်အားတွေ ထုတ်လုပ်ပေးနိုင်ဖို့ တာဘိုင်၊ဂျင်နရေတာတွေ ထိန်းချုပ်စ နစ်တွေ Switchgear နဲ့ Protection စနစ်တွေကို စဉ်ဆက်မပြတ် ထိန်းသိမ်းဆောင်ရွက်ရပါမယ်” ဟု ဒု-ဝန်ကြီးဒေါက်တာအောင်ဇေယျက မှာကြားခဲ့သည်။

စက်ရုံမှူးမှ ပေါင်းလောင်းရေအားလျှပ်စစ် ဓာတ် အားပေးစက်ရုံရှိ ဓာတ်အားပေးစက်များမောင်းနှင်၍ ဓာတ်အားထုတ်လုပ်နေမှု၊နိုင်ငံတော် ဓာတ် အားကွန်ရက်နှင့်ချိတ်ဆက်မှု၊တမံအတွင်းရေဝင်ရောက်မှုနှင့်ရေသိုလှောင်မှု၊ အမှတ်(၄)စက်အား အကြီးစားပြုပြင်မှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here