ရန်ကုန်တိုင်းလွှတ်တော်ရုံးရှေ့ရှိ ပြည်လမ်းမပေါ်၌ စက်ဘီးနင်းလာသည့် အမျိုးသားကြီးတစ်ဦးကားတိုက်ခံရ၍သေဆုံး

0
518

ရန်ကုန်တိုင်းလွှတ်တော်ရုံးရှေ့ရှိ ပြည်လမ်းမပေါ်တွင် အောက်တိုဘာ ၅ ရက်(ယနေ့)နံနက်ပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း မေတ္တာအလင်းလူမှုကူညီရေးအသင်း(ရန်ကုန်)မှ သိရသည်။

ယနေ့နံနက် ၆ နာရီကျော်ခန့်က ပြည်လမ်းမအ တိုင်း စက်ဘီးနင်းလာသည့် အသက်(၅၀)နှစ်ကျော်ခန့်အား နောက်မှမောင်းနှင်လာသည့် ကိုယ် ပိုင်ကားမှ ဝင်တိုက်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“သေဆုံးသွားတဲ့အမျိုးသားက စက်ဘီးနင်းလာရင်း ပစ္စည်းတစ်ခုကျသွားလို့ရပ်ပြီး ကုန်းကောက်တဲ့အချိန် အသက်(၂၅)နှစ်လောက်ရှိတဲ့ ကောင်မ လေးတစ်ယောက်မောင်းလာတဲ့ကားက ဝင်တိုက်မိတာပါ တိုက်မိတဲ့နေရာကနေ ၁၅ ပေ၊ ပေ ၂၀ လောက်အထိလွှင့်ထွက်သွားတယ်”ဟု မေတ္တာအ လင်းလူမှုကူညီရေးအသင်း(ရန်ကုန်)မှတာဝန်ရှိသူတစ်ဦးကပြောသည်။

စက်ဘီးနင်းလာသည့် အမျိုးသားကြီးသည် ကားဖြင့်တိုက်ခံရသည့်နေရာမှ လွှင့်ထွက်သွားပြီးနောက် ပြုတ်ကျသွားသည့်နေရာ၌ ထိခိုက်ဒဏ် ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။

“တိုက်မိတဲ့ကားမောင်းတဲ့ကောင်မလေးကထွက်မပြေးပါဘူး ဖြစ်စဥ်အနားမှာရှိနေပါတယ် ယာဥ်ထိန်းတွေကသူ့ကားကိုတော့ ဘေးလွတ်တဲ့ဆီရွှေ့ခိုင်းထားတယ် စက်ဘီးနင်းလာတဲ့အမျိုးသားရဲ့ အလောင်းကို ရန်ကုန်ဆေးရုံကြီးပို့ပေးပြီးတဲ့အ ချိန်အထိ သူ့မိသားစုဝင်တွေနဲ့အဆက်အသွယ်မရသေးပါဘူး”ဟု မေတ္တာအလင်းလူမှုကူညီရေးအ သင်း(ရန်ကုန်)မှတာဝန်ရှိသူတစ်ဦးကပြောသည်။

သေဆုံးသူ၏ ရုပ်အလောင်းအား မေတ္တာအလင်းလူမူကူညီရေးအသင်း(ရန်ကုန်)က ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

Photo-မေတ္တာအလင်းလူမှုကူညီရေးအသင်း(ရန်ကုန်)


LEAVE A REPLY

Please enter your comment!
Please enter your name here