နိုင်ငံနှင့် နိုင်ငံသား အကျိုးစီးပွားအတွက် ဦးဆွေးဆံမြေ့ထမ်းရွက်မည်ဟု ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌသစ် ဦးခင်ရီပြောကြား

0
413

နိုင်ငံနှင့် နိုင်ငံသား အကျိုးစီးပွား၊ ပါတီ အကျိုးစီးပွားအတွက် ဦးဆွေးဆံမြေ့ ဦးလည်မသုန်ထမ်းရွက်သွားမည်ဖြစ်ကြောင်း ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌသစ် ဦးခင်ရီက ပြောကြားလိုက်သည်။

နေပြည်တော်ရှိ ပါတီဌာနချုပ်တွင် ကျင်းပနေသည့် တ တိယအကြိမ် ပါတီညီလာခံ ဒုတိယနေ့တွင် (ယနေ့ အော က်တိုဘာ (၅) ရက် နေ့လယ် (၁) နာရီ) ပါတီဥက္ကဋ္ဌသစ်က မိန့်ခွန်း ပြောကြားစဉ် ထည့်သွင်း ပြောကြားသွားခြင်း ဖြ စ်သည်။

” ကျွန်တော့ကို တတိယအကြိမ်ပါတီညီလာခံက ဥက္ကဋ္ဌအဖြစ် ရွေးချယ်တင်မြှောက်ပေးခဲ့တဲ့အတွက် အထူးကျေးဇူးတင်ရှိကြောင်းနဲ့ ပါတီညီလာခံက ပေးတဲ့ ပါတီတာဝန်ရှိသူတစ်ဦးအနေနဲ့ နိုင်ငံတော်နဲ့ နိုင်ငံသားအားလုံးရဲ့အကျိုး ၊ မိခင်ပါတီကြီးရဲ့အကျိုး ၊ပါတီဝင် လုပ်ဖော် ကိုင်ဖက်များနဲ့ မိသားစုဝင်များရဲ့ အကျိုး၊ ပိုမိုတောက်ပတဲ့ အနာဂါတ်များကို ပိုင်ဆိုင်နိုင်ဖို့အတွက် စွမ်းအားပြည့် ဦးဆွေးဆံမြေ့ ဦးလည်မသုန် ထမ်းဆောင်သွားပါမယ်လို့ ပါတီဝင်များရဲ့ ရှေ့မောက်မှာ လေးနက်တည်ကြည်စွာ ကတိသစ္စာ ပြုအပ်ပါတယ်” ဟု ဦးခင်ရီက ပြောသည်။

ပြည်ခိုင်ဖြိုးပါတီ တတိယအကြိမ် ညီလာခံကို နေပြည် တော် ပါတီ ဌာနချုပ်တွင် အောက်တိုဘာ (၄) ရက်မှ (၆) ရက်အထိ (၃) ရက်တာ ကျင်းပနေခြင်း ဖြစ်ပြီး ယနေ့ ဒုတိယနေ့တွင် ပါတီ ဥက္ကဋ္ဌသစ်၊ ဒုတိယ ဥက္ကဋ္ဌ (၁/၂) ၊ ပါတီတွဲဖက်အ‌တွင်းရေးမှူး နှင့် ပါတီ ဗဟိုအလုပ်မှုဆောင်ကော်မတီဝင်သစ်များ ရွေးချယ် တင်မြှောက်ပြီး အတည်ပြု ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ရွေးချယ်တင်မြှောက်မှုအရ ပါတီဥက္ကဋ္ဌသစ်အ ဖြစ် ယခင် လဝက ဝန်ကြီးဟောင်း ဦးခင်ရီ၊ ပါတီ ဒုတိယ ဥက္ကဋ္ဌ (၁) အဖြစ် ဦးမြတ်ဟိန်း၊ ပါတီ ဒုတိယ ဥက္ကဋ္ဌ (၂) အဖြစ် ဦးလှထွန်း ၊ ပါတီတွဲဖက်အတွင်းရေးမှူးအဖြစ် ဦး တင်အောင်ချစ် တို့အား ရွေးချယ် တင်မြှောက်ခဲ့ကြောင်း သိရသည်။

ယခင် ပါတီ ဥက္ကဋ္ဌဟောင်း ဦးသန်းဌေးအနေဖြင့် ပြန် လ ည် ရွေးချယ်ခံခြင်း မပြုဘဲ ပါတီ တာဝန်များမှ အနားယူကြောင်း ညီလာခံ ပထမနေ့ အဖွင့်မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားသွားသည်။

၎င်းအနေဖြင့် ၂၀၂၀ ရွေးကောက်ပွဲအား အနိုင်ရရီအောင် ဦးဆောင်မှု မပြုနိုင်ခဲ့သည့်အတွက် ရွေးကောက်ပွဲ ရှုံးနိမ့်ရခြင်းအတွက် တာဝန်ရှိသူဟု ယူဆသည့်အတွက် ပါတီ ဥက္ကဋ္ဌ ရာထူးမှ အနားယူခြင်း ဖြစ်ကြောင်းလည်း မိန့်ခွန်းအတွင်း ထည့်သွင်း ပြောကြားသွားသည်။

ပြည်ခိုင်ဖြိုးပါတီ ထိပ်ပိုင်းခေါင်းဆောင် အပြောင်းအလဲနှင့် ပတ်သက်၍ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ် ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် နီးစပ်သူများကို တာဝန်ပေးအပ်မှုအပေါ် အမျိုးမျိုးသော သုံးသပ်မှုများ ထွက်ပေါ်နေသော်လည်း ပါတီစည်းမျဉ်း စည်းကမ်းများနှင့်အ ညီ လုပ်ဆောင်နေခြင်းသာ ဖြစ်ကြောင်းလည်း ပါတီပြော ရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်က ပေါ်ပြူလာနယူး (စ်) သို့ ပြောကြားထားသည်။

ယနေ့ ကျင်းပသည့် ညီလာခံ ဒုတိယနေ့တွင် ပါတီ ဗဟိုအလုပ်မှုဆောင် အဖွဲ့သစ်များကို ရွေးချယ်တင်မြှောက်အတည်ပြုခဲ့သော်လည်း ဗဟိုအလုပ်မှုဆောင်အဖွဲ့သစ် ၏ စာရင်းကို သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။


LEAVE A REPLY

Please enter your comment!
Please enter your name here