ဒရုန်းတွင်တပ်ဆင်ထားသည့်ဗုံးဖြင့် ရွှေဘိုတက္ကသိုလ် တိုက်ခိုက်ခံရ

0
271

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့၊ ရွှေဘိုတက္ကသိုလ်သည် ယနေ့ (အောက်တိုဘာ ၅) နံနက်ပိုင်းက ဒရုန်းတွင် တပ်ဆင်ထားသည့်ဗုံးဖြင့် တိုက်ခိုက်ခံခဲ့ရကြောင်း သိရသည်။

ယနေ့ (အောက်တိုဘာ ၅) နံနက် ၁၁ နာရီအချိန်ခန့်တွင် အမည်မသိလက်နက်ကိုင်အဖွဲ့ က ဒရုန်းတွင် ‌ ဗုံးချိတ်ဆွဲပြီး ပစ်ချတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ထိုသို့ ဗုံးပစ်ချတိုက်ခိုက်ခဲ့မှုကြောင့် ရွှေဘိုတက္ကသိုလ်ဂိတ်‌ပေါက်၀တွင် စိုက်ပျိုးထားသောခရေပင်ပေါ်သို့ ကျရောက်ခဲ့ပြီး ဗုံးမှာ ပေါက်ကွဲမှုမရှိသည့်အတွက်လုံခြုံရေးတပ်ဖွဲ့ဝင်များကဗုံးအား ဖျက်ဆီးခဲ့ရသည်။

ရွှေဘိုမြို့နယ်၊ မင်းကျောင်းကျေးရွာရှိရွှေဘိုတက္ကသိုလ်ကို ပီဒီအက်(ဖ်) အကြမ်းဖက်သမားများကအောက်တိုဘာလ ၅ ရက် နံနက် ၁၁ နာရီအချိန်၌ ဒရုန်းဖြင့် လက်လုပ်ဗုံးချတိုက်ခိုက်ခဲ့ကြောင်းသိရသည်။

အဆိုပါလုပ်ရပ်ကြောင့် လူပစ္စည်းထိခိုက်မှုမရှိဘဲ ဒရုန်းဖြင့်တိုက်ခိုက်ခဲ့သူများကို ဖမ်းဆီးရမိရေးအတွက် လုံခြုံရေးတပ်ဖွဲ့၀င်များက စုံစမ်းစစ်ဆေးလျက်ရှိသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here