နူးယော့ခ်ရှိ Semiconductor စက်ရုံ၌ မိုက်ခရွန်လုပ်ငန်းစုက ကန်ဒေါ်လာ ဘီလီယံ ၁၀၀ အထိရင်းနှီးမြှုပ်နှံမည်

0
181

Chipmaker Micron Technology သည် ပြည်တွင်း ချစ်ပ်ထုတ်လုပ်ခြင်းကို မြှင့်တင်ရန်ကြိုးပမ်းသည့်အနေဖြင့် နူးယော့ခ်၌ ကွန်ပျူတာချစ်ပ်စက်ရုံတည်ဆောက်ရန်အတွက် လာမည့်နှစ်ပေါင်း ၂၀ အတွင်း ကန်ဒေါ်လာ ဘီလီယံ ၁၀၀ အထိရင်းနှီးမြှုပ်နှံရန်စီစဉ်ထားကြောင်း အောက်တိုဘာလ ၄ ရက် အင်္ဂါနေ့ကပြောကြားခဲ့သည်။

မိုက်ခရွန်က ကမ္ဘာ့အကြီးဆုံး Semiconductor ထုတ်လုပ်ရေးစက်ရုံဖြစ်လာမည်ဟု အခိုင်အမာဆိုထားသည့် အဆိုပါပရောဂျက်သည် ယခုနှစ်ဆယ်စုနှစ်အကုန်တွင် ပထမအဆင့်ရင်းနှီးမြှုပ်နှံမှု ကန်ဒေါ်လာ ဘီလီယံ ၂၀ ဖြင့် နူးယော့ခ်၌ အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၅၀,၀၀၀ နီးပါးဖန်တီးပေးနိုင်မည်ဖြစ်ကြောင်းဖော်ပြထားသည်။

မိုက်ခရွန်သည် အမေရိက၌အဆင့်များစွာပါဝင်သည့် Memory Manufacturing ကိုတည်ဆောက်ရန်အတွက် ဆယ်စုနှစ်အကုန်တွင် ကန်ဒေါ်လာ ဘီလီယံ ၄၀ ရင်းနှီးမြှုပ်နှံရန်အစီအစဉ်ရှိကြောင်းလည်း ဩဂုတ်လကကြေငြာခဲ့သည်။

ဩဂုတ်လက သမ္မတဂျိုးဘိုင်ဒင်လက်မှတ်ရေးထိုးခဲ့သည့် Chips and Science Act တွင် တရုတ်နှင့်ယှဉ်ပြိုင်နိုင်စွမ်းကိုမြှင့်တင်ရန်အတွက် အမေရိကန် Semiconductor  ထုတ်လုပ်ရေးနှင့် သုတေသနအတွက် ကန်ဒေါ်လာ ၅၂ ဒသမ ၇ ဘီလီယံ ထောက်ပံ့မည်ဟူသောအချက်ကြောင့် ချစ်ပ်လုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံရန်လှုံ့ဆော်မှုထွက်ပေါ်လာခြင်းဖြစ်သည်။

ထိုလနှောင်းပိုင်းကလည်း Intel Corp နှင့် Canada ၏ Brookfield Asset Management တို့သည် အရီဇိုးနားရှိ ချစ်ပ်စက်ရုံများအတွက် ကန်ဒေါ်လာ ဘီလီယံ ၃၀ အထိပူးတွဲရန်ပုံငွေပေးအပ်ရန် သဘောတူညီခဲ့ကြသည်။သမ္မတဘိုင်ဒင်သည် မိုက်ခရွန်၏ရင်းနှီးမြှုပ်နှံမှုအပေါ် အင်္ဂါနေ့ကချီးကျူးခဲ့ပြီး လစာကောင်းသည့်အလုပ်အကိုင် များကိုလည်း ထောင်သောင်းချီ၍ ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း ချီးမွမ်းဂုဏ်ပြုခဲ့သည်။ပိုမိုမြတ်စွန်းနိုင်သောအချက်များကြောင့် မိုက်ခရွန်၏ရှယ်ယာများလည်း အစောပိုင်းကုန်သွယ်မှုတွင် ၃ ဒသမ ၁ ရာခိုင်နှုန်းတက်ခဲ့သည်။

မိုက်ခရွန်အမှုဆောင်အရာရှိချုပ် Sanjay Mehrotra ကမူ PC နှင့် စမတ်ဖုန်းများဝယ်လိုအား နှေးကွေးခြင်းကြောင့် ၂၀၂၃ ဘဏ္ဍာနှစ်အတွက် ၃၀ ရာခိုင်နှုန်း( ကန်ဒေါ်လာ ၈ ဘီလီယံ) ကျော်ကျဆင်းသွားနိုင်သည့် ကုမ္ပဏီအနေဖြင့် ငွေလုံးငွေရင်းအသုံးစရိတ်အား သိသိသာသာလျှော့ချလိုက်ကြောင်း ပြီးခဲ့သည့်အပတ်ကပြောကြားခဲ့သည်။

Source : Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here