နိုင်ငံ၏ငွေကြေးပြဿနာများ ဖြစ်ပေါ်စေရန်နည်းလမ်းပေါင်းစုံဖြင့် ဝိုင်းဝန်းတိုက်ခိုက်မှုများရှိ၍ နိုင်ငံတော်အနေဖြင့် စက်သုံးဆီ၊စားသုံးဆီနှင့်ကုန် ဈေးနှုန်းများကျဆင်းစေရန် ဘက်ပေါင်းစုံမှကြိုး ပမ်းဆောင်ရွက်လျက်ရှိဟု နစက ဥက္ကဋ္ဌပြော

0
245

နစက ဥက္ကဋ္ဌ၊ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အောင်တိုဘာ ၅ ရက်(ယနေ့)မွန်း လွဲပိုင်းတွင် ပြည်တပ်နယ်နှင့်ပန်းတောင်းတပ်နယ်တို့မှ အရာရှိ၊စစ်သည်၊မိသားစုဝင်များအား တွေ့ ဆုံအမှာစကား‌ပြောရာ၌ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

တပ်မတော်အနေဖြင့် နိုင်ငံတာဝန်များကို တာဝန်ယူဆောင်ရွက်နေရသည့်အချိန်တွင် နစက ကိုဖွဲ့ စည်း၍ ရှေ့လုပ်ငန်းစဉ် ၅ ရပ်၊ဦးတည်ချက် ၉ ရပ်ကို ချမှတ်ဆောင်ရွက်လျက်ရှိပြီး နိုင်ငံရေးအရဆူပူမှုများ၊အကြမ်းဖက်မှုများကို ဥပဒေနှင့်အညီသာ ထိန်းသိမ်းဆောင်ရွက်ခဲ့သည်ဟု ပြောသည်။

နိုင်ငံ၏ စီးပွားရေးသည်တိုးတက်ကောင်းမွန်လာပြီဖြစ်၍ တည်ငြိမ်အေးချမ်းရေးအတွက် ဆက် လက်ဆောင်ရွက်လျက်ရှိသည်ဟု ပြောသည်။

” EAO တွေရဲ့ အကြမ်းဖက်တိုက်ခိုက်မှုနဲ့ PDF အ မည်ခံအဖွဲ့တွေရဲ့တိုက်ခိုက်မှု ၂ မျိုးရှိပြီး PDF အ ကြမ်းဖက်တိုက်ခိုက်သူတွေဟာ ပြည်သူတွေကြားက ပြည်သူတွေကို အကာအကွယ်ယူပြီး တိုက် ခိုက်နေတာဖြစ်တဲ့အတွက် တပ်မတော်သားတွေနဲ့ပြည်သူတွေ တစ်သားတည်းဖြစ်အောင်ဆောင် ရွက်ပြီး အကြမ်းဖက်မှုတွေကို နှိမ်နင်းဖို့လိုပါတယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။

နဝတ၊ နယက ခေတ်များတွင်တည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့ပြီး အချို့ အုပ်ချုပ်မှုဆိုင်ရာအားနည်းချက်များရှိခြင်းကြောင့် တပ်မ တော်အပေါ် အချို့ပြည်သူများမှ အမြင်မကြည် လင်မှုများရှိနိုင်သည်ဟု ပြောသည်။

“မိမိ ၂၀၁၀ ပြည့်နှစ်မှာ တပ်မတော်ကာကွယ်ရေးးဦးစီးချုပ်တာဝန်စတင်တာဝန်ယူချိန်ကစပြီ တပ်တည်ဆောက်ရေးလုပ်ငန်းတွေကို အရှိန်အဟုန်နဲ့ဆက်လက်တိုးတက်အောင် ဆောက်ရွက်ခဲ့ပါတယ် တပ်နဲ့ပြည်သူဆက်ဆံရေး တိုးတက်ခိုင်မြဲအောင်လည်း ဆောင်ရွက်နိုင်ခဲ့ပါတယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။

တပ်မတော်၏ အဆင့်ဆင့်တိုးတက်မှုများရှိလာ၍ ၂၀၁၁-၂၀၂၀ ဒီမိုကရေစီအစိုးရလက်ထက်တွင် တပ်မတော်နှင့်ပြည်သူများကြား တိုးတက်လာသည့် ဆက်ဆံရေးကိုမလိုလားသည့် ပြည်တွင်း၊ပြည်ပမှ မသမာသူများက အချင်းချင်း သွေးကွဲစေရန် သွေးထိုးလှုံ့ဆော်မှုများရှိခဲ့သည်ဟု ပြော သည်။

“တပ်မတော်က နိုင်ငံတော်တာဝန်ကို စတင်ထမ်းဆောင်ချိန် နိုင်ငံမှာငွေကြေးပြဿနာတွေဖြစ်ပေါ်အောင် နည်းလမ်းပေါင်းစုံနဲ့ ဝိုင်းဝန်းတိုက်ခိုက်ခဲ့ကြတာတွေရှိပါတယ် စက်သုံးဆီ၊စားသုံးဆီနဲ့ကုန်လဈေးနှုန်းတွေ ကျဆင်းစေဖို့အတွက် နိုင်ငံတော်အနေနဲ့ ဘက်ပေါင်းစုံကကြိုးပမ်းဆောင်ရွက်နေပါတယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။

တပ်မတော်သားများအားလုံးသည် လုပ်ငန်းတာ ဝန်များထမ်းဆောင်ချိန်၌ တစ်ဦးချင်းလုပ်ဆောင်ရမည့် လုပ်ငန်းတာဝန်များကို မှန်မှန်ကန်ကန်တာ ဝန်ကျေပွန်အောင်လည်း ဆောင်ရွက်ကြစေလိုသည်ဟု နစက ဥက္ကဋ္ဌကမှာကြားခဲ့သည်။

“စစ်သည်တစ်ဦးချင်းအလိုက် စည်းကမ်းကောင်း မွန်ပြီး မိမိတာဝန်ကို ကျေပွန်အောင်ထမ်းဆောင်မည်ဆိုရင် စွမ်းရည်ရှိတဲ့တပ်မတော်၊စွမ်းအားရှိတဲ့တပ်မတော်တစ်ရပ်အဖြစ် တည်ရှိနေမှာဖြစ်ပါတယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here