ရန်ကုန်နှင့် မန္တလေးတွင် ရွှေစင်တုံးနှင့် ရွှေစင်ခဲ (၃) ပိသာစီကို အောက်တိုဘာ ၆ ရက်တွင် ဈေးပြိုင်တင်ဒါစနစ်ဖြင့်ရောင်းချမည်

0
190

ရန်ကုန်နှင့် မန္တလေးတွင် ရွှေစင်တုံးနှင့် ရွှေစင်ခဲ (၃) ပိသာစီကို ဈေးပြိုင်တင်ဒါစနစ်ဖြင့် သယံဇာတနှင့်သဘာ၀ပတ်၀န်းကျင် ထိန်းသိမ်းရေး၀န်ကြီးဌာနက အောက်တိုဘာ ၆ ရက်တွင် ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး၊ ကမ္ဘာအေးဘုရားလမ်းရှိ မြန်မာ့ကျောက်မျက် ရတနာပြတိုက် နှင့် မန္တလေးတိုင်းဒေသကြီး ၂၆ လမ်းနှင့် ၆၆ လမ်းထောင့်ရှိ Star Mart Mandalay တို့တွင် ရွှေစင်တုံးနှင့် ရွှေစင်ခဲ (၃) ပိသာစီကို အောက်တိုဘာလ ၆ ရက် နေ့လည် ၁ နာရီမှ ၃ နာရီအတွင်း သတ်မှတ်ထားသော တင်ဒါပုံစံဖြည့်စွက်လျက် ဈေးပြိုင်တင်ဒါစနစ်ဖြင့် သယံဇာတနှင့်သဘာ၀ပတ်၀န်းကျင် ထိန်းသိမ်းရေး၀န်ကြီးဌာနက ရောင်းချပေးသွားမည်ဖြစ်သည်။

ရွှေဒင်္ဂါးပြားများရောင်းချခြင်းကိုလည်း ယခင်အတိုင်းဆက်လက် ရောင်းချပေးသွားမည်ဖြစ်ကာ အသေးစိတ်သိရှိလိုပါက မြန်မာ့ကျောက်မျက်ရတနာမြန်မာ့ကျောက်မျက်ရတနာရောင်း၀ယ်ရေးလုပ်ငန်း နေပြည်တော် (ရုံးချုပ်)၊ 

မြန်မာ့ကျောက်မျက် ရတနာပြတိုက် (ရန်ကုန်) နှင့် မြန်မာ့ကျောက်မျက်ရတနာရောင်း၀ယ်ရေးလုပ်ငန်း (မန္တလေးစခန်း) တို့တွင် စုံစမ်းနိုင်သည်ဟုဆိုသည်။

ထို့အတူ သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနမှ ဦးဆောင်ကာ နှစ်လယ်ကျောက်မျက်ပြပွဲကို အောက်တိုဘာလ ၁၉ ရက်မှ ၂၅ ရက်အထိ နေပြည်တော် မဏိရတနာကျောက်စိမ်းခန်းမတွင် ကျင်းပသွားမည်ဖြစ်ပြီး ပြပွဲအတွင်း ကျောက်စိမ်းအတွဲများ၊ ပုလဲနှင့် ကျောက်မျက်များ ခင်းကျင်းပြသကာ ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here