နာဇီပုံစံ အလေးပြုခဲ့သော ဆစ်ဒ်နီ ဘောလုံးပရိသတ်အား ဘောလုံးပွဲကြည့်ရှုခွင့် ရာသက်ပန် ပိတ်ပင်

0
149

ဆစ်ဒ်နီ၊ အောက်တိုဘာ ၅

ဆစ်ဒ်နီတွင် ကျင်းပခဲ့သည့် သြစတြေးလျဖလား ဗိုလ်လုပွဲ၌ နာဇီပုံစံ အလေးပြုခဲ့သော ဘောလုံးပရိသတ်တစ်ဦးအား ဩစတြေးလျ ဘောလုံးအဖွဲ့ချုပ် (FA) ၏ ခွင့်ပြုချက်ဖြင့်ကန်ရသော ဘောလုံးပွဲအားလုံးမှ ရာသက်ပန် ပိတ်ပင်လိုက်ကြောင်း အမျိုးသား အားကစား အဖွဲ့ချုပ်က အောက်တိုဘာလ ၅ ရက် ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။

စနေနေ့က ကျင်းပခဲ့သော မကာသာ အက်ဖ်စီ နှင့် ဆစ်ဒ်နီ ယူနိုက်တက် ၅၈ အက်ဖ်စီ တို့ ယှဉ်ပြိုင်ခဲ့သည့် ဘောလုံးပွဲကို ကြည့်ရှုအားပေးခဲ့သော လူပေါင်း တစ်သောင်း ခြောက်ထောင်က ပရိသတ်အချို့၏ အပြုအမှုများကို ပြင်းထန်စွာ အရေးယူမည်ဟု FA က ကတိပြုခဲ့သည်။

ဆိုရှယ်မီဒီယာပေါ် ရောက်ရှိလာသောဓာတ်ပုံများတွင် ဆစ်ဒ်နီယူနိုက်တက်အသင်း ပရိသတ်အချို့သည် အဆိုပါပွဲအတွင်း နာဇီပုံစံ အလေးပြုမှုများ ပြုလုပ်ခဲ့ကြသည်ကို တွေ့ရှိရပြီး ဩစတြေးလျရှိ ဂျူးလူမျိုးတို့၏ ပြစ်တင်ရှုတ်ချမှုကို ခံခဲ့ရသည်။

အချို့သော ပရိသတ်များသည်လည်း ဘောလုံးပွဲမစတင်မီ ဩစတြေးလျ တိုင်းရင်းသားဆိုင်ရာ ကြိုဆိုပွဲအခမ်းအနား ပြုလုပ်စဉ်အတွင်း အော်ဟစ် လှောင်ပြောင်မှုများ ပြုလုပ်ခဲ့ကြသည်။

“ဩစတြေးလျ ဘောလုံးအဖွဲ့ချုပ်ဟာ ၂၀၂၂ခုနှစ် ဩစတြေးလျဖလား ဖိုင်နယ်ကို တက်ရောက်ခဲ့သော ပရိသတ်တစ်ဦးရဲ့ အပြုအမူနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေကို အဆုံးသတ်လိုက်ပါပြီ” ဟု FA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ ပရိသတ်အား အင်န်ပီအယ်လ်၊ အေ-လိဂ်စ်၊ ဩစတြေးလျ ဖလားနှင့် နိုင်ငံအသင်းပွဲစဉ်များ အပါအဝင် ဩစတြေးလျ ဘောလုံးအဖွဲ့ချုပ်၏ခွင့်ပြု ချက်ဖြင်ကန်ရသော ဘောလုံးပွဲများ ကြည့်ရှုခွင့်ကို ရာသက်ပန် ပိတ်ပင်လိုက်ပြီး တားမြစ်ချက်မှာ ချက်ချင်း အသက်ဝင်မည် ဖြစ်ကြောင်း ၎င်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

သို့သော် ပိတ်ပင်ခံရသူ၏ အမည်ကိုမူ ထုတ်ပြန်ခဲ့ခြင်း မရှိပေ။

ထို့အပြင် ပွဲအတွင်း လူမှုရေးအရ ဆန်ကျင်နေသည့် အပြုအမူများကို ကျူးလွန်ခဲ့သော အခြားပရိသတ်များကိုလည်း ဖော်ထုတ်ရန် တရားဥပဒေ စိုးမိုးရေး တာဝန်ရှိသူများနှင့် ပူးပေါင်း လုပ်ဆောင်နေသည်ဟု ဆိုသည်။

Source: CNA


LEAVE A REPLY

Please enter your comment!
Please enter your name here