လာမည့် ရွေးကောက်ပွဲအား စနစ်တကျရှိပြီး အများယုံကြည်လက်ခံကာ လွတ်လပ်၍ တရားမျှတသည့်ရွေးကောက်ပွဲဖြစ်ရန် အဘက်ဘက်မှဆောင်ရွက်လျက်ရှိဟု UEC ဥက္ကဋ္ဌပြော

0
214

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးက အောက်တိုဘာ ၅ ရက်တွင်ပြုလုပ်ခဲ့သည့် တိုင်းနှင့်ပြည်နယ်များတွင် မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေးနှင့်မဲရုံများလျာထားသတ် မှတ်နိုင်ရေးညှိနှိုင်းအစည်းအဝေး၌ ပြောကြားခဲ့ခြင်းဖြစ်သည်။

လာမည့်ရွေးကောက်ပွဲအား စနစ်တကျရှိပြီး အ များယုံကြည်လက်ခံသည့် လွတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲဖြစ်အောင် အဘက်ဘက်မှကြိုတင်မျှော်တွေးစဉ်းစားဆောင်ရွက်ကြရမည်ဟု UEC ဥက္ကဋ္ဌကပြောသည်။

နစက ၏ရှေ့လုပ်ငန်းစဉ် ၅ ရပ်အနက် လုပ်ငန်း စဉ်(၁)အရ မဲစာရင်းများ စစ်ဆေးခြင်းအပါအဝင် လုပ်ဆောင်သင့် လုပ်ဆောင်ထိုက်သည်များကို ဥပဒေနှင့်အညီ ဆောင်ရွက်ခဲ့ပြီးဖြစ်သည်ဟု ပြောသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)နှင့်အညီ လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပပေးနိုင်ရန် ကြို တင်ပြင်ဆင်မှုများကို စဉ်ဆက်မပြတ် ဆောင် ရွက်လျက်ရှိသည်ဟု ပြောသည်။

“သက်ဆိုင်ရာ တိုင်းနဲ့ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများအနေနဲ့ မိမိတိုင်း၊ပြည်နယ်အတွင်းက မြို့နယ်အလိုက် အခြေခံမဲဆန္ဒရှင်စာ ရင်းတွေ ပြည့်စုံမှန်ကန်ဖို့အတွက် ပြောင်းဝင်၊ပြောင်းထွက်၊သေဆုံး လူဦးရေစာရင်းတွေကို သက်ဆိုင်ရာဌာနတွေနဲ့ပူးပေါင်းပြီး လစဉ် Update ဖြစ်အောင် ဆောင်ရွက်ရပါမယ်”ဟု UEC ဥက္ကဋ္ဌဦးသိန်းစိုးကပြောသည်။

မဲရုံနေရာချထားမှုများ၊ မဲရုံသုံးပစ္စည်းများဖြည့် ဆည်းခြင်းနှင့်လိုအပ်ချက်များကို စဉ်ဆက်မ ပြတ် ဆောင်ရွက်ရမည်ဖြစ်ကာ သက်ဆိုင်ရာ တိုင်းနှင့်ပြည်နယ်အလိုက် မိမိတို့၏ ဝန်ထမ်းများကို စုဖွဲ့ခြင်း၊ဖြည့်တင်းခြင်း၊လေ့ကျင့်သင်ကြားပေးခြင်းဖြင့် အဆင်သင့်ဖြစ်အောင်ပြင်ဆင်ဆောင်ရွက်ထားရမည်ဖြစ်ကြောင်း ပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here