မန္တလေးတွင် ဆေးဆိုင်နှင့်နေအိမ်တွဲဖွင့်ထားသည့် နေအိမ်အတွင်း၌ ဓားမြတိုက်ခံရမှုဖြစ်ပွားပြီး အမျိုးသမီး ၂ ဦးသတ်ဖြတ်ခံရ

0
529

မန္တလေးမြို့၊ပြည်ကြီးတံခွန်မြို့နယ်၊ငွေတော်ကျီကုန်းရပ်ကွက်ရှိ နေအိမ်နှင့်ဆေးဆိုင်တွဲဖွင့်ထားသည့် နေအိမ်အတွင်း၌ အောက်တိုဘာ ၆ ရက် (ယနေ့)နံနက်အစောပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယနေ့နံနက်အစောပိုင်း ၅ နာရီခန့်က ငွေတော်ကျီကုန်းရပ်ကွက်၊ ၇၂ လမ်းနှင့် ၁၈၈ လမ်းရှိ နေအိမ်ဆေးဆိုင်သို့ အမည်မသိ(လူဦးရေ-စီစစ်ဆဲ)များရောက်ရှိလာပြီးနောက် ဓားပြတိုက်ခဲ့ပြီး အမျိုး သမီး ၂ ဦးအားသတ်ဖြတ်သွားခဲ့ခြင်းဖြစ်သည်။

“လတ်တလောမှာ ဘာပစ္စည်းတွေပါသွားလဲဆိုတာနဲ့ပြစ်မှုကျူးလွန်သူတွေကိုဖမ်းမိဖို့အတွက် လုပ်ဆောင်နေကြပါတယ် ဆေးဝယ်ချင်တယ်လို့ပြောပြီး ဝင်လာတာလို့ ကနဦးသိထားတယ်”ဟု လုံခြုံ ရေးအဖွဲ့နှင့်နီးစပ်သူတစ်ဦးကပြောသည်။

ဖြစ်စဉ်၌ အမျိုးသမီးကြီးတစ်ဦးနှင့်အမျိုးသမီးငယ်တစ်ဦးတို့သေဆုံးခဲ့သဖြင့် လူမှုကူညီရေး အသင်းကားများဖြင့် ဆေးရုံသို့ပို့ဆောင်ခဲ့ကြကြောင်း သိရသည်။

“စစ်ဆေးတာတွေလုပ်နေတယ် လတ်တလောကတော့ဘာမှမပြောနိုင်သေးဘူး ထိုက်သင့်တဲ့ စစ်ဆေးချက်တွေတော့ရထားပြီးပြီလို့ သိရတယ်”ဟု လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူတစ်ဦးကပြောသည်။

အခင်းဖြစ်ပွားခဲ့သည့် ငွေတော်ကျီကုန်းရပ်ကွက်အတွင်းနှင့်အခင်းဖြစ်နေအိမ်တို့အား လုံခြုံရေးအဖွဲ့ဝင်များက ရှာဖွေစစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here