မန္တလေးတွင် ယနေ့မနက် ဖြစ်ပွားတဲ့ ဓားပြတိုက် လူသတ်မှု တရားခံကိုနာရီပိုင်းအတွင်း ဖမ်းမိ၊ တစ်ရပ်ကွက်တည်း နေသူက ကျူးလွန်ဟုသိရ

0
595

မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်တွင် ယနေ့ နံနက်ပိုင်းဖြစ်ပွားခဲ့သည့် လူသတ်ပစ္စည်းလု ဓားပြတိုက်မှုမှ ကျူးလွန်းသူ တစ်ဦးကို နာရီပိုင်းအတွင်း ဖမ်းဆီး ရမိခဲ့ကြော င်း သိရသည်။

ယနေ့ အောက်တိုဘာ (၆) ရက် နံနက် (၅) နာရီဝန်းကျင်က ပြည်ကြီးတံခွန်မြို့နယ်၊ ငွေတော်ကျီကုန်းရပ်ကွက်၊ (၁၁ ၈) လမ်းနှင့် (၇၂)လမ်းအနီးရှိ နေအိမ်တစ်လုံးတွင် အမျိုး သမီး (၂) ဦးကို သတ်ဖြတ်ကာ ရွှေနှင့် ငွေများ လုယူသွားသည့်ဖြစ်စဉ် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ဖြစ်စဥ်မှ ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရန် လုံခြုံရေးအဖွဲ့ဝင်များက ငွေတော်ကျီကုန်းရပ်ကွက်အတွင်းနှင့်အခင်းဖြစ်နေအိမ်အနီးတစ် ဝိုက်တို့၌ ပိတ်ဆို့ရှာဖွေစစ်ဆေးမှုများပြုလုပ်ခဲ့ကြသည်။

ထို့ကြောင့် နာရီပိုင်းအတွင်း၌ပင် ပြစ်မှုကျူးလွန်သူအား အခင်းဖြစ်နေအိမ်အနီးပုန်းအောင်းနေ သည်ကို ရှာဖွေတွေ့ရှိကာ လုယက်ယူဆောင်သွားသည့် ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြသည်။

“ပြစ်မှုကျူးလွန်သူကိုမိထားပါပြီ တစ်ရပ်ကွက်ထဲနေတဲ့လူလို့ပြောတယ် သိတဲ့လူဖြစ်တဲ့အတွက် ပိုင် ရှင်တွေကလည်း တံခါးဖွင့်ပေးခဲ့တာဖြစ်လိမ့်မယ် အဲဒါကိုအခွင့်ကောင်းယူပြီးလုပ်သွားတာပါ ဥပ ဒေအတိုင်းဆက်လက်ဆောင်ရွက်နေပါတယ်”ဟု လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူတစ်ဦးကပြောသည်။

အဆိုပါ လူသတ် ပစ္စည်းလု ဓားပြတိုက်သူမှာ ရပ်ကွက်အတွင်းမှ အိမ်နီးနားချင်းတစ်ဦးဖြစ်ပြီး လက်ရှိတွင် ၎င်းအား ဖမ်းမိထားပြီ ဖြစ်ကြောင်း ဒေသခံများထံကလည်း သိရသည်။

” ဟုတ်ပါတယ် ။ ဖမ်းမိသွားပါပြီ။ နာရီပိုင်းအတွင်း မိတာပါ။ အိမ်နီးနားချင်းဆိုတာလည်း ဟုတ်ပါတယ်” ဟု ငွေ တော် ကုန်း ရပ်ကွက်တွင် နေထိုင်သူ တစ်ဦးက ပေါ်ပြူ လာ နယူး(စ်) သို့ ပြောသည်။

သေဆုံးသွားသူများမှာ ဆေးဝန်ထမ်းအမျိုးသမီး တစ်ဦစနှင့် အဒေါ် တော်စပ်သူ အမျိုးသမီးတစ်ဦးဖြစ်ပြီး လူသတ် တရားခံသည် ယနေ့ နံနက် (၅)နာရီဝန်းကျင်တွင် ဆေးဝယ်ယူမည်ဟုဆိုကာ နေအိမ်ဆိုင်အတွင်း ဝင်ရောက်ကာ ပြစ်မှုကျူးလွန်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

သေဆုံးသူ အမျိုးသမီးများသည် နေအိမ်နှင့် ဆေးဆိုင် တွဲလျက်ဖွင့်ထားခြင်းဖြစ်ပြီး ပတ်ဝန်းကျင်သည် လူစည်ကားသည့် ရပ်ကွက် ဖြစ်ကြောင်း ဒေသခံများ ထံမှ သိရသည်။

သေဆုံးခဲ့သည့် အမျိုးသမီး ၂ ဦးသည် အသက် (၆၀)နှစ်ခန့်နှင့်အသက်(၂၀)နှစ်ခန့်တို့ဖြစ်ကာ ဦးခေါင်းတွင် ထိခိုက်ဒဏ်ရာများရရှိကာ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here