ရခိုင်အမျိုးသားပါတီအား ၎င်းတို့၏သဘောထားထုတ်ပြန်ချက်(၁/၂၀၂၂)နှင့်ပတ်သက်၍ ဥပဒေများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဟု UEC ထုတ်ပြန်

0
305

ရခိုင်အမျိုးသားပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့မှ စက်တင်ဘာ ၂၉ ရက်နေ့ရက်စွဲဖြင့် အချက် ၄ ချက်ပါ သဘောထားထုတ်ပြန်ချက်(၁/၂၀၂၂) အား ထုတ်ပြန်ခဲ့သည်။

ထုတ်ပြန်ချက်နှင့်ပတ်သက်၍ ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်မှ ရခိုင်အမျိုးသားပါတီ၏ တာဝန်ရှိသူများအား တွေ့ဆုံမေးမြန်းစီစစ်ရန် ဖိတ်ခေါ်ထားသည်ဟု UEC ကထုတ်ပြန်ခဲ့သည်။

တွေ့ဆုံမှုရလဒ်ပေါ် မူတည်၍ ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင် ဥပဒေ၊နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ၊နည်းဥပဒေများနှင့်အညီ လိုအပ်သလို ဆက်လက်ဆောင်ရွက်သွားမည်ဟု UEC ၏ထုတ်ပြန်ချက်အရ သိရသည်။

ရခိုင်အမျိုးသားပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့မှ ရခိုင်စစ်ပွဲသည်(၂)နှစ်ခန့်ကြာ ရပ်တန့်နေရာမှ ဩဂုတ် ၁၃ ရက်မှစတင်ပြီး တကျော့ပြန်ပြင်ထန်လျက်ရှိကာ အရပ်သားပြည်သူများ ထိခိုက်သေ ဆုံးမှု၊ဒဏ်ရာရရှိမှု၊နေအိမ်များပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်နေသည့်အပြင် ရခိုင်ပြည်ရှိ မြို့နယ်တစ်ချို့တွင် ကုန်းလမ်းရေလမ်းတို့အား အကန့် အသတ်မရှိ ပိတ်ထားသည်။

ဆေးဝါးနှင့်စားနပ်ရိက္ခာများသယ်ယူရေးနှင့်လူ သားချင်းစာနာထောက်ထားမှု ကူညီပေးနေသည့် INGOs ,NGOs နှင့် CSOs များအား ပိတ်ပင်ထား၍ အရပ်သားပြည်သူများ ဒုက္ခရောက်နေကာ သောင်းချီသည့် စစ်ဘေးဒုက္ခသည်များတိုးလာနေသည်ဟု ထုတ်ပြန်ရေးသားထားသည်။

ထို့ကြောင့် ရခိုင်ပြည်အတွင်းရှိ ရပ်ကွက်၊ကျေးရွာများကို အကာအကွယ်ယူ၍ တိုက်ပွဲဖော်ဆောင်ခြင်းမပြုကြရန် လက်နက်ကိုင်အဖွဲ့အစည်းများအား အလေးအနက်မေတ္တာရပ်ခံကြောင်း ထုတ်ပြန်ခဲ့သည်။

မြန်မာ့တပ်မတော်မှ လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သားထိခိုက်သေဆုံးမှု၊ဒဏ်ရာရရှိမှုတို့နှင့်လူနေအိမ်များပျက်စီးဆုံးရှုံးဖြစ်ပေါ်မှုတို့အပေါ်  ပြင်းပြင်းထန်ထန် ရှုံ့ချကန့်ကွက်သည်ဟုလည်း ထုတ်ပြန်ချက်၌ရေးသားထားသည်။

လူသားချင်းစာနာထောက်ထားမှုအကူအညီပေးနေကြသည့် INGOs၊ NGOs နှင့် CSOsများအားပိတ်ပင်ထားမှုကို ပြန်လည်ဖွင့်ပေးရန်လည်း ထုတ်ပြန်ချက်၌ရေးသား တောင်းဆိုထားသည်။

စစ်ပွဲဧရိယာနှင့်စစ်ပွဲနှင့်မပတ်သက်သည့် နေရာများအပါအဝင် မြို့နယ်တစ်ချို့ရှိ ကုန်းလမ်း၊ရေ လမ်းများအား အကန့်အသတ်မရှိ ပိတ်ဆို့ထားမှု သည် အဆိုပါဒေသရှိ ဒေသခံပြည်သူ လူမျိုးပေါင်းစုံ၏ အသက်ရှင်နေထိုင်ရေးကို ခြိမ်း ခြောက်ခြင်းဖြစ်သည်ဟု မိမိတို့ ရှုမြင်သည်ဟုလည်း ထုတ်ပြန်ချက်၌ ရေးသားထားသည်။

မြန်မာ-ဘင်္ဂလား​ဒေ့ရှ် နယ်စပ်ရှိ မိုင်တိုင်(၄၀) နယ်ခြား​စောင့်စခန်းကို ရခိုင့်တပ်​တော်AA က စတင်တိုက်ခိုက်သိမ်းပိုက်ပြီး​နောက် တ​ကျော့ပြန်တိုက်ပွဲများသိသိသာသာ ပြန်လည်ပြင်းထန်လာခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here