မန္တလေးတိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်းမှ ယနေ့တွင် မီးလင်းရွှေတုံး ၇ ပိဿာရောင်းချပေးသွားမည်

0
280

မန္တလေးတိုင်း၊မဟာအောင်မြေမြို့နယ်ရှိ မန္တလေး တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်းမှ ရွှေဈေးနှုန်းတည်ငြိမ်ကျဆင်းရေးအတွက် မီးလင်းရွှေတုံး ၇ ပိဿာအား အောက်တိုဘာ ၇ ရက်(ယနေ့)မွန်းလွဲပိုင်း၌ ရောင်းချပေးသွားမည်ဖြစ် သည်။

ယနေ့မွန်းလွဲ ၂ နာရီမှည‌နေ ၄ နာရီအထိ တစ်ဦးလျင် ရွှေတစ်ပိုင်း(တစ်ဆယ်ကျပ်သား)တိတိကိုရောင်းချပေးမည်ဖြစ်ကာ ရွှေဝယ်သူများအနေဖြင့် မှတ်ပုံတင်ယူဆောင်လာ၍ မန္တလေးတိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်းရုံးတွင် လွတ်လပ်စွာလာရောက်ဝယ်ယူနိုင်ကြောင်း သိရသည်။

ထိုသို့ ဝယ်ယူရာတွင်လည်း အသင်းသားများမှအပ မည်သူမဆိုဝယ်ယူနိုင်ကာ ရွှေဈေးအား မွန်းလွဲ ၂ နာရီ၌ မန္တလေးတိုင်းရွှေလုပ်ငန်းရှင်များအသင်းတွင် ကြော်ငြာ၍တခါထဲရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here