စက်သုံးဆီစျေးနှုန်း အနည်းငယ်ပြန်တက်လာ ယနေ့ 92 Ron တစ်လီတာလျင် ၂၀၀၀ ကျပ်ဖြင့်ရောင်းချ

0
166

ရန်ကုန်တိုင်းအတွင်း၌ အောက်တိုဘာ ၇ ရက် (ယနေ့)တွင် 92 Ron တစ်လီတာလျင် ၂၀၀၀ ကျပ်ဖြင့်ရောင်းချပေးလျက်ရှိရာ ယမန်နေ့က ရောင်း ချခဲ့သည့် 92 Ron တစ်လီတာလျင် ၁၉၆၀ ကျပ်ထက် ၄၀ ကျပ်တက်လာသည်ကို စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှထုတ်ပြန်သည့် ရည်ညွှန်းလက်လီစျေးနှုန်းများအရ သိရသည်။ 

မန္တလေး၊နေပြည်တော်၊ပဲခူး၊မကွေး၊ထားဝယ်၊မုံရွာ၊ပုသိမ်၊ဘားအံ၊မော်လမြိုင်၊လားရှိုး၊တောင်ကြီး၊လွိုင်ကော်၊မြစ်ကြီးနား၊စစ်တွေ၊ဟားခါးနှင့်ကျိုင်းတုံတို့တွင်လည်း 92 Ron တစ်လီတာလျင် ၂၀၀၀ ကျပ်ကျော်ဖြင့် ယနေ့ ရောင်းချလျက်ရှိသည်။

စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ် ငန်းကြီးကြပ်ရေးကော်မတီ၏ ယနေ့ ထုတ်ပြန်ခဲ့သည့် စက်သုံးဆီရည်ညွှန်းစျေးနှုန်းများအရ ရန် ကုန်တိုင်းအတွင်း၌ လက်လီစျေးအဖြစ် 92 Ron တစ်လီတာလျင် ၂၀၀၀ ကျပ်၊ 95 Ron တစ်လီတာလျင် ၂၀၄၅ ကျပ်၊ HSD (500 ppm)မှာ တစ် လီတာလျင် ၂၇၀၅ ကျပ် သတ်မှတ်ခဲ့သည်။

အလားတူ HSD (50 ppm)နှင့် HSD (10 ppm)တိုမှာ တစ်လီတာလျင် ၂၇၉၀ ကျပ်အဖြစ် စက်သုံးဆီရည်ညွှန်းလက်လီစျေးနှုန်းများအဖြစ် သတ် မှတ်ခဲ့သည်။

ထိုပြင် စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ၏ စက်သုံးဆီရည်ညွန်းလက်ကားစျေးနှုန်းမှာလည်း ရန်ကုန်တိုင်း ၌ 92 Ron တစ်လီတာလျင် ၁၉၀၁ ကျပ်၊ 95 Ron တစ်လီတာလျင် ၁၉၄၈ ကျပ်၊ HSD(500 ppm) တစ်လီတာလျင် ၂၅၉၆ ကျပ်၊ HSD (50 ppm)နှင့် HSD(10 ppm)တိုမှာ တစ်လီတာလျင် ၂၆၆၇ ကျပ်တို့ဖြစ်သည်။

အဆိုပါ စျေးနှုန်းများအား စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူခြင်းလုပ်ငန်းကြီးကြပ်ရေးကော် မတီမှ MOPS စျေးနှုန်းအပေါ်တွင် အခြေခံတွက် ချက်ထားခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here