သီလဝါဆိပ်ကမ်း၌ ‌အောက်တိုဘာပထမပတ်အတွင်း ဆီဂါလံ ၅ သန်းကျော်ချပေးခဲ့

0
200

ရန်ကုန် သီလဝါဆိပ်ကမ်းတွင် အောက်တိုဘာ ၃ ရက်က စက်သုံးဆီတင်သင်္ဘောပေါ်မှ 92 Ron နှင့်ပရီမီယံဒီဇယ်ဆီ ဂါလံ ၅ သန်းကျော် ဆီချခြင်းလုပ်ငန်းဆောင်ရွက်ခဲ့ကြောင်း စက်သုံးဆီတင်သွင်းသို လှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ သိရသည်။

စက်သုံးဆီတင်သင်္ဘောဖြစ်သည့် MT YU HAI သင်္ဘောမှ 92 Ron ၁ ဒသမ ၈၇ ဂါလံသန်းနှင့်ပရီ မီယံဒီဇယ်ဆီ ၃ ဒသမ ၁၈ ဂါလံသန်း ဆီချလုပ် ငန်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် စက်သုံးဆီလက်ကျန်အခြေအနေအရ နိုင်ငံအတွင်း၌ စက်သုံးဆီဖူလုံမှုရှိသည်ဟု စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ သိရသည်။

စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ် ငန်းကြီးကြပ်ရေးကော်မတီမှ ပြည်တွင်းစက်သုံးဆီဖူလုံမှုရှိစေရန် စက်သုံးဆီအမျိုးအစားများအ လိုက် ပုံမှန်စိစစ်တင်သွင်းဆောင်ရွက်လျက်ရှိပြီး ယခုရက်သတ္တပတ်အတွင်း စက်သုံးဆီဈေးနှုန်းများတွင် ဓာတ်ဆီဈေးနှုန်းမှာ တဖြည်းဖြည်းကျဆင်းလာသော်လည်း ဒီဇယ်ဈေးနှုန်းမှာ ကမ္ဘာ့စက်သုံးဆီဈေးနှုန်းမြင့်တက်မှုကြောင့် အနည်းငယ်မြင့်တက်လာသည်ဟု အသိပေးခဲ့သည်။

စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ် ငန်းကြီးကြပ်ရေးကော်မတီမှ သတ်မှတ်ရည်ညွှန်းဈေးနှုန်းထက်ပိုမိုရောင်းချသည့် စက်သုံးဆီအရောင်းဆိုင်များအားစိစစ်၍ ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာဥပဒေ (၂၀၁၇)အရ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

စက်တင်ဘာလအတွင်းကလည်း သီလဝါဆိပ်ကမ်း၌ ပထမအကြိမ် ဆီဂါလံ စုစုပေါင်း ၂၄၆ ဒသမ ၁၄ သန်း၊ စက်တင်ဘာ ၂၅ ရက်က ဆီဂါလံ စုစုပေါင်း ၆ သန်းကျော်၊ စက်တင်ဘာလ ၂၈ ရက်တွင်လည်း ဆီဂါလံ စုစုပေါင်း ၈ သန်းကျော်ဆီချခဲ့ပြီးဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here