မလေးမှ ထိန်းသိမ်းခံ မြန်မာနိုင်ငံသား(၁၅၀)ဦးအား စင်းလုံးငှားလေယာဉ်ဖြင့် ဒုတိယအကြိမ် မြန်မာနိုင်ငံသို့ပြန်လည်ပို့ဆောင်

0
341

မလေးရှားနိုင်ငံရှိ ထိန်းသိမ်းရေးစခန်းအသီးသီးမှ ထိန်းသိမ်းခံ မြန်မာနိုင်ငံသားများအား ဒုတိယအကြိမ်အဖြစ် အောက်တိုဘာ ၆ ရက်တွင်မြန်မာနိုင်ငံသို့ အခမဲ့ ပြန်လည်ပို့ဆောင်ပေးလိုက်ကြောင်း သိရသည်။

မလေးရှားနိုင်ငံရှိ ထိန်းသိမ်းရေးစခန်းအသီးသီးတွင် မလေးရှားနိုင်ငံလူဝင်မှုကြီးကြပ်ရေးဥပဒေဖြင့်ဖမ်းဆီးထိန်းသိမ်းခံထားရသည့် နှစ်ကာလကြာမြင့်နေသည့် မြန်မာနိုင်ငံသားများနှင့်မိသားစုနှင့်အဆက်သွယ်ပြတ်ကာ ထိန်းသိမ်းရေးစခန်းတွင် ဒုက္ခရောက်နေသည့် မြန်မာနိုင်ငံသားများအား မြန်မာသံရုံး၊ကွာလာလမ်ပူမြို့မှ တာဝန်ရှိသူများနှင့်မလေးရှားနိုင်ငံလူဝင်မှုကြီးကြပ်ရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်၍မလေးရှားနိုင်ငံ အစိုးရမှ စီစဉ်ပေးသည့် စင်းလုံးငှားလေယာဉ်ဖြင့် မြန်မာနိုင်ငံသား စုစုပေါင်း (၁၅၀)ဦးအား မြန်မာနိုင်ငံသို့ ဒုတိယအကြိမ်အဖြစ် (အခမဲ့) ပြန်လည်ပို့ဆောင်ပေးခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

မြန်မာသံရုံး၊ ကွာလာလမ်ပူမြို့မှတာဝန်ရှိသူများနှင့် မလေးရှားနိုင်ငံ၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနတို့သည် ပူးပေါင်းဆောင်ရွက်မှုများပြုလုပ်၍ ထိန်းသိမ်းခံ မြန်မာနိုင်ငံသားများအားပြန်လည်ပို့ဆောင်ခြင်းများကို ပြုလုပ်လျက်ရှိပြီး ပြီးခဲ့သည့် စက်တင်ဘာ ၂၂ ရက်က မလေးရှားနိုင်ငံ အစိုးရမှ စီစဉ်ပေးသည့် စင်းလုံးငှားလေယာဉ်ဖြင့် ပထမအသုတ်အဖြစ် မြန်မာနိုင်ငံသား စုစုပေါင်း (၁၄၉) ဦးအား
မြန်မာနိုင်ငံသို့ ပို့ဆောင်ပေးခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here