လမ်းဖြတ်ကူးသည့် အမျိုးသမီးတစ်ဦး ၁၂ ဘီးကား ကြိတ်မိကာ သေဆုံးမှု ရွှေပြည်သာတွင်ဖြစ်ပွား၊ ကားမောင်းသူထွက်ပြေး

0
489

ရန်ကုန်တိုင်း၊ရွှေပြည်သာမြို့နယ်၊ ၂၅ ရပ်ကွက်ရှိ အမှတ် (၄)လမ်းမကြီး၏ သံဖြူဆိုင်စျေးမှတ်တိုင်တွင် အောက် တိုဘာ ၇ ရက်(ယနေ့)နံနက်အစောပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း လူမှုဘဝစောင့်ရှောက်ရေး ပရဟိတအသင်းမှ သိရသည်။

ယနေ့နံနက် ၅ နာရီခွဲကျော်ခန့်က အမှတ်(၄)လမ်းမကြီး ၏ သံဖြူဆိုင်စျေးမှတ်တိုင်တွင် ကားလမ်း ဖြတ်ကူးသည့် မဇင်မာခိုင်(၂၃)နှစ်အား ၁၂ ဘီးကုန်တင်ကားက ဝင်တိုက်မိပြီးနောက် ကားဘီးဖြင့်တတ်ကြိတ်မိခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့အသင်းရုံးကို ၅ နာရီ ၄၅ မိနစ်လောက်မှာ ဆိုင်ကယ်ကယ်ရီသမားတွေကဖြစ်စဥ်ကိုလာပြောလို့ လူနာတင်ကားနဲ့သွားခဲ့ပါတယ် အခင်းဖြစ်နေရာရောက်တော့ သေဆုံးနေပြီဖြစ်လို့ ယာဥ်မှု့စစ်ကိုအကြောင်းကြားပြီး နာရေးတင်တဲ့ကားနဲ့ Dead body ကို အင်းစိန်ဆေးရုံကိုပို့ပေးခဲ့ပါတယ်”ဟု လူမှုဘဝစောင့်ရှောက်ရေးပရဟိတအသင်းမှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် ကိုဇော်ကြီးကပြောသည်။

သေဆုံးသူအမျိုးသမီး၏ ရုပ်အလောင်းအား လူမှုဘဝစောင့်ရှောက်ရေးပရဟိတအသင်းမှ နာရေးတင်ကားဖြင့် အင်းစိန်ဆေးရုံသို့ပို့ဆောင်၍ PR-28 ဖြင့်အပ်နှံထားခဲ့ကြောင်း သိရသည်။

“ကလေးမလေးက ညဆိုင်းအလုပ်ဆင်းပြီး အဆောင်ကိုပြန်လာတဲ့အချိန်မှာဖြစ်သွားတာပါ။ ကားလမ်းကူးတဲ့အချိန်ပေါ့။ သူ့မိသားစုဝင်တွေနဲ့လည်း အဆက်အသွယ်ရပါတယ်”ဟု လူမှုဘဝစောင့်ရှောက်ရေးပရဟိတအသင်းမှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် ကိုဇော်ကြီးကပြောသည်။

ဖြစ်စဥ်၌ ၁၂ ဘီးကုန်တင်ကားမောင်းသူသည် အခင်းဖြစ်နေရာတွင် ကားကိုထား၍ ထွက်ပြေးတိမ်း ရှောင်သွားခဲ့သဖြင့် သက်ဆိုင်ရာတာဝန်ရှိသူများက ဖမ်းဆီးရမိရေးအတွက် စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။

Photo-လူမှုဘဝစောင့်ရှောက်ရေးပရဟိတအသင်း


LEAVE A REPLY

Please enter your comment!
Please enter your name here