5BB မှဂိမ်း နှင့်ပတ်သက်သည့် ဝန်ဆောင်မှုများတိုးမြှင့်ရန် အာရှပစိဖိတ်ဒေသ၏အကောင်းဆုံး ​ဒေတာစင်တာ နှင့်ချိတ်ဆက်မှုတိုးမြှင့်

0
283

မြန်မာနိုင်ငံရှိ အင်တာနက်နှင့် Network ၀န်ဆောင်မှုပေးနေသည့် 5BB Broadband သည် Gaming နှင့်ပတ်သက်သည့် ဝန်ဆောင်မှုများနှင့်ပံ့ပိုးမှုများအတွက် အာရှပစိဖိတ်ဒေသ၏ အကောင်းဆုံး Data Center ဖြစ်သည့် Equinix နှင့်ချိတ်ဆက်မှုတိုးမြှင့်လိုက်သည်။

အာရှပစိဖိတ်ဒေသတွင် Gaming Servers များ အများဆုံးထားရှိသည့် စင်္ကာပူ၊ ဟောင်ကောင်၊ ထိုင်းနိုင်ငံတို့ရှိ ​ဒေတာစင်တာ များနှင့်တိုက်ရိုက်ချိတ်ဆက်၍သုံးစွဲသူအကြိုက်ကို ထပ်မံဖန်တီးခဲ့ခြင်းဖြစ်သည်။

5BB Broadband မှ Gaming Platform များနှင့်ချိတ်ဆက်၍ တည်ငြိမ်ကောင်းမွန်သည့် Robust Digital Infrastructure ဖြစ်စေရန်နှင့်လိုအပ်သည့်လုံခြုံမှု ပေးနိုင်ရန်အတွက် ချိတ်ဆက်မှုများအား တိုးမြှင့်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ ချိတ်ဆက်မှုကြောင့် Content Distribution နှင့် Consumer Behavior ပြောင်းလဲမှုများအတွက် Best in class cloud streaming နှင့် Gaming user experience များပိုမိုကောင်းမွန်လာမည်ဖြစ်ကာ Cloud Gaming Pro များ၏ အဓိကလိုအပ်ချက်ဖြစ်သည့် latency နည်းခြင်း၊ High- resolution screen အသုံးပြုကာ ဂိမ်းကစားနိုင်ခြင်း၊လိုင်းတည်ငြိမ်ခြင်း၊ High quality game များအား မည်သည့် စက်မျိုးတွင်မဆိုချက်ချင်းကစားနိုင်ခြင်းများ ရရှိမည်ဟုသိရသည်။

5BB Broadband မှ Gaming နှင့်ပတ်သက်၍ သုံးစွဲမှုများမြင့်မားလာသဖြင့် ISP များအနေဖြင့် ​နောက်အဆင့်များအတွက် လိုအပ်ချက်အား ဖြည့်ဆည်းနိုင်ရန်၊အရည်​သွေးမြင့်ပြီးရေရှည်တည်တံ့သည့် cloud ဂိမ်းဝန်ဆောင်မှုများကို တိကျသေချာစွာဝန်ဆောင်မှုပေးနိုင်ရန် ဆောင်ရွက်လျက်ရှိသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here