တစ်နိုင်ငံလုံး တပြေးညီ ဖွံ့ဖြိုးတိုးတက်အောင် လုပ်ကြရန် ဝန်ကြီးဌာနများအား ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တိုက်တွန်း

0
222

တစ်နိုင်ငံလုံးရှိ ဒေသများအားလုံး တပြေးညီ ဖွံ့ဖြိုးတိုး တက်အောင် လုပ်ဆောင်ကြရန် နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဝန်ကြီးဌာနများအား တိုက်တွန်း ပြောကြားလိုက်သည်။

အောက်တိုဘာ (၇) ရက်က နေပြည်တော်တွင် ပြုလုပ်သည့် ပြည်ထောင်စု အစိုးရအဖွဲ့ အစည်းဝေးတွင် နစက ဥက္ကဋ္ဌက ပြောကြားခဲ့ခြင်း ဖြစ်သည်။

” တစ်နိုင်ငံလုံးရှိ ဒေသများ တပြေးညီဖွံ့ဖြိုးတိုးတက်ရေးအတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနများအနေဖြင့် ဒေသများအလိုက် ဌာနဆိုင်ရာများနှင့် ပေါင်းစပ်၍ ဆောင်ရွ က်ပေးကြရန် တိုက်တွန်းပြောကြားလိုပါတယ်” ဟု ဗိုလ် ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့ခြင်း ဖြစ်သ ည်။

ခေတ်အဆက်ဆက် အစိုးရများအနေဖြင့် မြို့ပြနှင့် ကျေး လက် ဖွံ့ဖြိုးတိုးတက်မှု ကွာဟချက်များကို ဖြေရှင်းနိုင်ရန် မူဝါဒများ ချမှတ် လုပ်ဆောင်ခဲ့သော်လည်း အောင်မြင်အောင် ဆောင်ရွက်နိုင်ခြင်း မရှိသည့်အတွက် လက်ရှိအ ချိန်ထိ ဖွံ့ဖြိုးမှု နောက်ကျနေသည့် ဒေသများစွာ ရှိနေဆဲ ဖြစ်သည်။

နစက အစိုးရအနေဖြင့် အဆိုပါ ဖွံ့ဖြိုးမှု နောက်ကျနေသ ည့် ဒေသများ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး ရေတိုရေရှ ည် စီမံကိန်းများ ချမှတ်ကာ အကောင်ထည်ဖော်ရွက်လျက် ရှိသည်။

အဓိကတော့ အစိုးရတစ်ရပ်ရဲ့ စိတ်ရင်း စေတနာနဲ့ စွမ်းဆောင်နိုချေပေါ်မှာ မူတည်တာပေါ့။ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ စီးပွား ရေး ကဏ္ဍစုံမှာ နိမ့်ကျနေတဲ့ နေရာတွေ အများကြီး ရှိနေတယ်။ လူတန်းစား ကွာဟမှု ၊ အသိပညာ ကွာဟမှုတွေ ၊ အစာအဟာရနဲ့ ဖွံ့ဖြိုးမှု ကအစ အစစအရာရာ နိမ့်ကျနေတဲ့ နေရာတွေကို ဘယ်လို လုပ်မလဲဆိုတဲ့ လက်တွေ့ဆန်တဲ့ စီမံဆောင်ရွက်မှုတွေက အများကြီး လိုအပ်ပါတယ်” ဟု UN လက်အောက်ခံ NGO အဖွဲ့အစည်း တစ်ခုတွင် စီမံကိန်းမန်နေဂျာတာဝန် ထမ်းဆောင်ခဲ့ဖူးသူ တစ်ဦးက ပေါ်ပြူ လာနယူး (စ်) သို့ ပြောသည်။

ကျေးလက်နှင့် နယ်စပ်ဒေသများ ဖွံ့ဖြိုးတိုးတက်လာစေရေး နိုင်ငံတော် အစိုးရအနေဖြင့် သီးသန့် ရန်ပုံငွေများ ၊ ဝန်ကြီးဌာန အသီးသီးတွင် သီးသန့်ဘတ်ဂျက်များဖြင့် စီ မံကိန်းများ ရေးဆွဲကာ ထိထိရောက်ရောက် လုပ်ဆောင်နိုင်မှသာ အောင်မြင်နိုင်မည်ဖြစ်ကြောင်းလည်း ၎င်းကဆိုသည်။

နိုင်ငံတော် အစိုးရအနေဖြင့် ဘတ်ဂျက်ငွေများကို နိုင်ငံဖွံ့ ဖြိုးတိုးတက်ရေးအတွက် လုံလောက်အောင် သုံးစွဲလျက်ရှိပြီး ဝန်ကြီးဌာနများမှ အကြောင်းအမျိုးမျိုးကြောင့် သုံး စွဲမှုမရှိသည့် ငွေများကို ပြန်လည် အပ်နှံစေလိုကြောင်း နစက ဥက္ကဋ္ဌက ပြောသည်။ 

ထို့အပြင် ဝန်ကြီးဌာနများ အားလုံးအနေဖြင့် ဘဏ္ဍာငွေများကို သုံးသင့်သုံးထိုက်သည့် နေရာများတွင်သာ သုံးစွဲကြစေလိုပြီး ငွေများ အကျိုးမဲ့ကုန်ကျမှုမရှိစေရေး ထိန်းသိမ်းဆောင်ရွက်ကြရန်လည်း မှာကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here