ရုရှားတပ်သားများအတွက် အဓိက လက်နက်ရိက္ခာပို့ဆောင်သည့် တံတား ပေါက်ကွဲမှုကြောင့် ပျက်စီး

0
308

ခရိုင်မီးယားကျွန်းဆွယ်နှင့် ရုရှားပြည်မကြီးကို ဆက်သွယ်ပေးထားသော အဓိက တံတားဖြစ်သည့် ကာ့ချ်၌ ကုန်တင်ယာဉ်တစ်စင်း ပေါက်ကွဲမှုကြောင့် ယာဉ်မောင်းနှင်သည့် လမ်းကြောင်းအချို့ ပျက်စီးသွားကြောင်း ရုရှားမီဒီယာက ဖော်ပြခဲ့သည်။

အဆိုပါတံတားမှာ ယူကရိန်းစစ်ပွဲအတွင်း တိုက်ခိုက်နေသော ရုရှားစစ်သားများအတွက် အဓိက ထောက်ပံ့ရေးလမ်းကြောင်း ဖြစ်သည့်အတွက် ယင်းပေါက်ကွဲမှာ ရုရှားအတွက် စိုးရိမ်စရာ ဖြစ်စေခဲ့သည်။

ရုရှားအောက်လွှတ်တော်၏ ပြောရေးဆိုခွင့်ရှိသူ ဒူမာက ထိုပေါက်ကွဲမှုအား ယူကရိန်း အရေးအခင်းနှင့် ဆက်စပ်နေသည် ဟုဆိုပြီး နိုင်ငံ၏ စုံစမ်းစစ်ဆေးရေး ကော်မတီကလည်း ခရိုင်မီးယား တံတားပေါ်ရှိ ဖြစ်ရပ်အား အမှုဖွင့် စုံစမ်းနေကြောင်း အောက်တိုဘာလ ၈ ရက် စနေနေ့တွင် ပြောကြားခဲ့သည်။

“ရရှိထားတဲ့ အချက်အလက်တွေအရ၊ ဒီမနက် တာမန် ကျွန်းဆွယ်ဘက်ခြမ်းမှာရှိတဲ့ ခရိုင်မီးယားတံတားရဲ့ မော်တော်ယာဉ် မောင်းနှင်ရာ လမ်းကြောင်းပေါ်မှာ ကုန်တင်ကားတစ်စီး ပေါက်ကွဲခဲ့ပြီး ခရိုင်မီးယားကျွန်းဆွယ်ကို ဦးတည်သွားနေတဲ့ ရထားတစ်စင်းပေါ်က လောင်စာဆီတိုင်ကီ ခုနှစ်လုံးကို မီးလောင်သွားစေခဲ့တယ်” ဟု ကော်မတီက ဆိုသည်။

ထိုဖြစ်ရပ်ကြောင့် တံတားပေါ်ရှိ ယာဉ်မောင်းလမ်းနှစ်ခုလည်း ပြိုကျပျက်စီးခဲ့သည်။

အဆိုပါပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် ယူကရိန်း၌ ပျော်ပွဲရွှင်ပွဲ ပြုလုပ်မှု ရှိခဲ့ကြောင်း ကိယက်ဗ်ရှိ အယ်လ်ဂျာဇီးရား သတင်းထောက် ရိုရီ ချယ်လန်းစ် ကပြောကြားခဲ့သည်။

ယူကရိန်းရှိ ရုရှား ရှေ့တန်းတပ်များသို့ လက်နက်ရိက္ခာများကို အဓိက ပို့ဆောင်နေသည့် ရထားလမ်းမှာ ခရိုင်မီးယား တံတားပေါ်တွင် တည်ရှိနေပြီး အခြား ရထားလမ်းကြောင်းမှာ အာဇော့ပင်လယ်၏ မြောက်ဘက်ကမ်းခြေတွင် ရှိ၍ ရှေ့တန်းတပ်နှင့် ၁၈ မိုင် မှ ၂၄ မိုင်ခန့် ကွာဝေးသည်ဟု ၎င်းက ဆိုသည်။ 

Source: Aljazeera


LEAVE A REPLY

Please enter your comment!
Please enter your name here