မိုင်းဖုန်း ဗုဒ္ဓဂယာ မဟာဗောဓိစေတီတော်၌ “သံဝေဇနိယ လေးဌာန”ထည့်သွင်းတည်ဆောက်ရန် မိုင်းဖုန်းဆရာတော်မိန့်ကြား

0
395

မိုင်းဖုန်း ဗုဒ္ဓဂယာ မဟာဗောဓိစေတီတော်သို့ အောက်တိုဘာ ၈ ရက်နေ့လည်ပိုင်းက မိုင်းဖုန်းဆရာတော်ကြီး ကြွရောက်တော်မူကာ စေတီတော်ကြီးနှင့်ပတ်သက်သည့် ဆောင်ရွက်ရမည့်လုပ်ငန်းများအား မိန့်ကြားရာ၌ ထည့်သွင်းမိန့်ကြားခဲ့ခြင်းဖြစ်သည်။

မိုင်းဖုန်းဆရာတော်ဘုရားကြီးမှ အိန္ဒိယ၊နီပေါနိုင် ငံများတွင်တည်ရှိသည့် “ဖွား၊ပွင့်၊ဟော၊စံ သံဝေဇနိယ လေးဌာန”ကိုလည်း ထည့်သွင်းတည်ဆောက်ရန် မိန့်ကြားခဲ့သည်။

သံဃာနှစ်ထပ်ကျောင်းဆောင်နှင့်သန့်စင်ခန်း အ မျိုးသား၊အမျိုးသမီး ၁၅ ခန်းစီထည့်သွင်းဆောက်လုပ်ရန်လည်း မိန့်ကြားခဲ့သည်။

မိုင်းဖုန်း ဗုဒ္ဓဂယာ မဟာဗောဓိ စေတီတော်မြတ်ကြီးအား ၂၀၂၃ ခုနှစ်၊ဇန်နဝါရီ ၅ ရက်တွင် ကျရောက်သည့် မိုင်းဖုန်းဆရာတော်ကြီး၏ မွေးနေ့အခါသမယ၌ ထီးတော်တင်လှူပူဇော်သွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here