ထားဝယ်ရိုးရာသပိတ်မျှောပွဲတော်သို့ ဝန်ကြီးချုပ်ဦးမြတ်ကို တက်ရောက်ဖွင့်လှစ်

0
431

တနင်္သာရီတိုင်း၌ နှစ်စဥ် သီတင်းကျွတ်လပြည့်နေ့(အဘိဓမ္မာအခါတော်နေ့)တွင် ကျင်းပသည့် ထားဝယ်ရိုးရာသပိတ်မျှောပွဲအား အောက်တိုဘာ ၉ ရက်(ယနေ့)နံနက် ၄ နာရီခွဲက ထားဝယ်မြို့၊တလိုင်းမရပ်၊ဆိပ်ကမ်းသာလမ်း၊ပြည်သူ့အပန်းဖြေရင်ပြင်၊ထားဝယ်မြစ်ကမ်း၌ကျင်းပရာ တိုင်းဝန်ကြီးချုပ်ဦးမြတ်ကို တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။

နိုင်ငံတော်သြဝါဒစရိယ၊ ဃောသိတရာမပါဠိတ က္ကသိုလ်ကျောင်းတိုက်မှ အဂ္ဂမဟာပဏ္ဍိတဆရာ တော်ဘဒ္ဒန္တပညာသာမိ၊ တိုင်းသံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ ဇေယျဝတီစာသင်တိုက်မှ အဂ္ဂမဟာပဏ္ဍိ တ ဆရာတော်ဘဒ္ဒန္တနန္ဒဝံသ၊ ဝန်ကြီးချုပ်ဦးမြတ်ကိုနှင့်မြိူ့မိ/မြို့ဖ ၂ ဦးတို့က မုခ်ဦးအားဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။

ထို့နောက် အရှင်ဥပဂုတ္ထမထေရ်မြတ်အား သ ပိတ်မျှော၍ ဆွမ်းဆက်ကပ်ကာ တက်ရောက်လာကြသူများနှင့်ဒေသခံများက သပိတ်မျှော၍ ကု သိုလ်ယူခဲ့ကြသည်။

သပိတ်မျှောပွဲသည် အရှင်ဥပဂုတ္တမထေရ်မြတ်အားရည်စူး၍ ထားဝယ်ရိုးရာ မြေသပိတ်ထဲတွင် ဆွမ်း၊မုန့်၊သစ်သီး၊ပေါက်ပေါက်၊မုန့်ဆီကြော်၊ယိုအမျိုးမျိုးနှင့်လှူဖွယ်များထည့်၍ တံခွန်၊ကုက္ကားများစိုက်ထူကာ ဆီးမီးများထွန်းညှိပြီး သပိတ်မျှောပူဇော်ခြင်းဖြစ်သည်။

သပိတ်မျှောပွဲအား ရာသီဥတုကောင်းမွန်စေရန်၊ဆန် ရေစပါးစီးပွားဥစ္စာပေါများတိုးတက်စေရန်၊မိုးဒဏ်၊လေဒဏ်၊သဘာဝဘေးရန်များနှင့်မကောင်းသည့် ဘေးများအပေါင်းကင်းဝေးလွှတ်မြောက်စေရန်ရည်ရွယ်၍ ထားဝယ်တိုင်းရင်းသားများက နှစ်စဥ်ကျင်းပကြခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here