ထိုင်းရှိCNN သတင်းအဖွဲ့အား Nong Bua Lamphu အစုလိုက်အပြုံလိုက် ပစ်ခတ်မှုဖြစ်ပွားရာနေရာကို တရားမဝင် ဝင်ရောက်မှု ရှိ၊ မရှိ စစ်ဆေးသွားမည်ဖြစ်ကြောင်း ရဲတပ်ဖွဲ့၏ဒုရဲချုပ် Pol Gen Surachate Hakparn က စနေနေ့တွင် ပြောကြားခဲ့သည်။
အကယ်၍သာCNN က အစိုးရဌာနများကို တရားမ၀င်ဝင်ရောက်မှုဖြင့် စာနယ်ဇင်းကျင့်ဝတ်ကို ချိုးဖောက်ခဲ့ပါက တရားစွဲဆိုနိုင်ကြောင်း Surachate က ပြောကြားခဲ့သည်။ အမြင့်ဆုံး ထောင်ဒဏ် ၅ နှစ်အထိ ချမှတ်နိုင်သောရာဇ၀တ်မှု ဖြစ်သည်။
CNNကလည်း ပြည်သူ့ကျန်းမာရေး အရာရှိ သုံးဦးက ခွင့်ပြုပေးသဖြင့်ရိုက်ကြောင်း၊အခြား မီဒီယာများလည်း ရိုက်ကူးရေးလုပ်နေကြကြောင်းကိုစနေနေ့ညနှောင်းပိုင်း၌ တွစ်တာတွင် ရေးသားပြီး ထိုင်းနိုင်ငံ နိုင်ငံခြား သတင်းထောက်များအသင်း၏ ဝေဖန်မှုများကို တုန့်ပြန်ခဲ့သည်။
ရဲတွေက ထားမြစ်ထားတဲ့တိပ်ကြိုးကိုဖယ်လိုက်လို့ Nong Bua Lamphu နေ့ကလေးထိန်းဂေဟာမှာ အချိန်အတော်ကြာ ရိုက်ကူးရေးလုပ်နေမူကိုတွစ်တာတွင် ဖော်ပြထားသည်မှာ “ရိုက်ကူးနေစဉ် အဆောက်အဦမှ ထွက်လာတဲ့ ပြည်သူ့ကျန်းမာရေး အရာရှိ သုံးဦးက အထဲမှာရိုက်ကူးလို့ရတယ်ဆိုလို့ရိုက်ကြောင်း၊ရိုက်ပြီးသည့်အချိန်တွင်မှ တိပ်ကြိုးတားထားသဖြင့် အဖွဲ့က ခြံစည်းရိုးကနေကျော်တက်ပြီးထွက်မှရသဖြင့် ကျော်တက်ခဲ့ကြောင်း CNN မှ ပြောကြားခဲ့သည်။
Source: Khaosod