အဖိတ်​နေ့ သန့်ရှင်း​ရေးကုသိုလ်ယူခဲ့ကြသည့် မြို့နယ်များ

0
238

ယမန်​နေ့ အဖိတ်​နေ့ နံနက်ပိုင်းက ရန်ကုန်တိုငွးရှိ မြို့နယ်အလိုက် ​ထွေအုပ်ဝန်ထမ်းများ၊မြို့နယ်အလိုက် စည်ပင်ဝန်ထမ်း များက သက်ဆိုင်ရာ မြို့နယ်ရှိ ရက်ကွက်​နေပြည်သူများ၊အသင်းအဖွဲ့များနှင့်​အတူ စု​ပေါင်းကာ ဘုန်းကြီး​ကျောင်းအချို့နှင့်​စာသင်​ကျောင်း အား သန့်ရှင်း​ရေး လုပ်အား​ပေးရင်း အဖိတ်​နေ့ကုသိုလ်ယူခဲ့ကြသည်။

စမ်းချောင်းမြို့နယ်၊သီရိမင်္ဂလာလမ်း၊ အောင်ချမ်းသာရပ်ကွက်၊ ကံမြင့်ဘုန်းတော်ကြီးကျောင်းဝင်းတွင် ပူးပေါင်းအင်အား(၈၇)ဦးဖြင့်  စုပေါင်းလုပ်အားပေးဆောင်ရွက်ခဲ့ကြသလိုအင်းစိန်မြို့နယ်၊စဥ့်ငူရပ်ကွက်၊ မိုးကုတ်ဝိပဿနာကျောင်းတိုက်ဝင်းအတွင်း ရပ်ကွက်နေပြည်သူများ၊လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်းအင်အား(၅၀)ဦးဖြင့်စုပေါင်းလုပ်အားပေးဆောင်ရွက်ခဲ့ကြသည်။

ကမာရွတ်မြို့နယ်၊(၁)ရပ်ကွက်၊အောင်မြေသာစည်လမ်းရှိ အောင်မြေသာစည်ကျောင်းတိုက်တွင်  အင်အား(၅၉)ဦးဖြင့် လည်း​ကောင်း

ကြည့်မြင်တိုင်မြို့နယ်၊ဘောဂရပ်ကွက်၊ဗားကရာလမ်း၊အထက(၁)ကျောင်းဝင်းအတွင်း သန့်ရှင်းသာယာသပ်ရပ်ရေးအတွက် ဝန်ထမ်းများနှင့်မြို့နယ်နေပြည်သူများပူးပေါင်းအင်အား(၈၅) ဦးဖြင့်လည်းကောင်း၊ ဒလမြို့နယ်သန့်ရှင်းသာယာသပ်ရပ်ရေးအတွက်  ဗိုလ်ရန်ပြေရပ်ကွက်၊မင်းရဲကျော်စွာလမ်းတွင် စည်ပင်ဝန်ထမ်းပူးပေါင်းအင်အား(၁၆)ဦးဖြင့်လည်း​ကောင်း  စုပေါင်းလုပ်အားပေးဆောင်ရွက်ကြသည်။

ထို့သို့လုပ်အား​ပေးရာတွင်မြက်ပင်ချုံနွယ်များရှင်းလင်းခြင်း၊သစ်ပင်အုပ်မိုးကိုင်းများခုတ်ထွင်ရှင်းလင်းခြင်း၊ရေမြောင်းအတွင်းရှိအမှိုက်နှင့်နုန်းများဆယ်ယူရှင်းလင်းခြင်း၊စေတီတော်ရင်ပြင်နှင့်ကျောင်းတိုက်ကြမ်းခင်းများတံမြက်စည်းလှဲခြင်း၊ ကျောင်းဝင်းအတွင်းအပြင်သန့်ရှင်းရေးပြုလုပ်ခြင်းများကို သီတင်းကျွတ်လပြည့်အဖိတ်နေ့ကုသိုလ်အဖြစ်စုပေါင်းလုပ်အားပေးဆောင်ရွက်ခဲ့ကြသည်သည်။ရေမြောင်းရှင်းခြင်းအပြင်သွေးလွန် တုပ်ကွေးရောဂါကြိုတင်ကာကွယ်နှိမ်နင်းရေးအတွက်ခြင်ဆေးမှုတ်ခြင်း၊အဘိတ်ဆေးခတ်ခြင်း၊ဖုံး သွန် လဲ စစ် ပြုလုပ်ခြင်းတို့ကိုပါ လုပ်​ဆောင်​ပေးခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here