သျှမ်းပြည်နှင့်ပြည်ထောင်စုအတွင်းရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့်တွေ့ဆုံဆွေးနွေးနိုင်ရေးအတွက် RCSS ကမ်းလှမ်း

0
185

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)ဗဟိုအလုပ်အမှုဆောင်ကော်မတီမှ အောက်တိုဘာ ၁၀ ရက်မှ ၂၀၂၃ ခုနှစ်၊ဖေဖော်ဝါ ရီ ၁၀ ရက်အထိ သျှမ်းပြည်နှင့်ပြည်ထောင်စုအ တွင်းရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့်တွေ့ဆုံဆွေးနွေးရန် အောက်တိုဘာ ၁၀ ရက်ကထုန်ပြန်ကမ်းလှမ်းခဲ့သည်။

လက်ရှိနိုင်ငံရေး၊စစ်ရေး ပဋိပက္ခများကြောင့် နေ ရပ်စွန့်ခွာသည့် ပြည်တွင်း၊ပြည်ပစစ်ပြေးရှောင်များ အမြောက်အများရှိခြင်း၊စီးပွားရေးကျဆင်းခြင်း၊စိုက်ပျိုးရေးသီးနှံများ ဈေးကွက်မရှိခြင်း၊စားဝတ်နေရေးကျပ်တည်းခြင်း၊ခရီးသွားလာရေးခက်ခဲခြင်း၊ပြည်သူလူထု ဒုက္ခရောက်နေခဲ့ရခြင်းများရှိနေသည်ဟု ထုတ်ပြန်ရေးသားထားသည်။

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီသည် တွေ့ဆုံဆွေးနွေးခြင်းနည်းလမ်းဖြင့် လက်ရှိ နိုင်ငံ ရေး၊စစ်ရေး ပြဿနာများကိုဖြေရှင်းရန် ပေါ်လစီ ချမှတ်ထားသည်ဟု ထုတ်ပြန်ချက်၌ရေးသားထားသည်။

ထိုသို့ တွေ့ဆုံဆွေးနွေးခြင်းမှတဆင့် အပြန်အလှန် ဝင်ထွက်သွားလာဆက်ဆံနိုင်ရေး၊အထင်မှားမှုအားလျှော့ချနိုင်ရေး၊နားလည်မှုရှိရေး၊ယုံကြည်မှုတည်ဆောက်နိုင်ရေးနှင့်လူထု၊တိုင်းပြည်အကျိုးအတွက် နိုင်ငံရေးနည်းလမ်းဖြင့် နိုင်ငံရေးပြဿ နာများဖြေရှင်းနိုင်ရေးတို့အား ရည်ရွယ်ထား သည်။

အဖွဲ့အစည်းအားလုံးနှင့်တွေ့ဆုံဆွေးနွေးခြင်းမှ မ ဟာမိတ်ဖြစ်လာနိုင်ရေး၊စည်းလုံးညီညွတ်မှုတည် ဆောက်နိုင်ရေးနှင့်ဖက်ဒရယ်ပြည်ထောင်စုတည် ဆောက်နိုင်ရေးအထိ ဆောင်ရွက်နိုင်မည်ဟု ယုံကြည်သည်ဟု သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ ဗဟိုအလုပ်အမှုဆောင်ကော်မတီက ထုတ်ပြန်ရေးသားထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here