ကျိုင်းတုံ-တောင်ကြီးသွား ပြည်ထောင်စုလမ်းမကြီးပေါ် တွင် ကား ၃ စီးအား ဓားပြတိုက်ခဲ့သူများအနက် ၅ ဦးကိုဖမ်းဆီးရမိ

0
266

ရှမ်းပြည်နယ်၊မိုင်းပျဥ်းမြို့နယ်၊တံတာမြို့ရှိ ကျိုင်းတုံ-တောင်ကြီးသွားကားလမ်းပေါ်တွင် စက်တင်ဘာ ၂၃ ရက်ည ၁၀ နာရီခန့်က ကား ၃ စီးအား ဓားပြတိုက်ခဲ့သူများအနက် ၅ ဦးအား လက် နက်များနှင့်အတူဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အဆိုပါ အမျိုးသား ၅ ဦးအပါအဝင် အမျိုးသား ၇ ဦးသည် ကျိုင်းတုံ-တောင်ကြီးသွား ပြည် ထောင်စုလမ်းမကြီး၏ မိုင်တိုင်အမှတ် ၅၈၁ အနီးတွင် ကျိုင်းတုံဘက်မှတောင်ကြီးဘက်သို့  မောင်းနှင်လာသည့် အန်ဇာတုံး(အဖြူရောင်)၊ probox ၊ Wish ကားတို့အားတားဆီးကာ သေနတ်၊ဓားများဖြင့်ခြိမ်းခြောက်၍ ငွေကျပ် ၂၉ သိန်းနှင့်ဖုန်း ၉ လုံးအား လုယက်ယူဆောင်သွားခဲ့ကြသည်။

၎င်းတို့အား ဖမ်းဆီးရမိရေးအတွက် လုံခြုံရေးအဖွဲ့ဝင်များက စုံစမ်းစစ်ဆေးခဲ့ကြသဖြင့် ပြစ်မှုကျူးလွန်ရာတွင်ပါဝင်သည့် ကျိုင်းတုံမြို့နယ်၊မိုင်းပန်လယ်အုပ်စု၊ရွှေညောင်ပင်ကျေးရွာနေဘီယာမင်နှင်ယာဆေးတို့အား အောက်တိုဘာ ၈ ရက်နေ့တွင် စတင်ဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိသူ ၂ ဦးအား စစ်ဆေးချက်အရ ပြစ်မှုကိူးလွန်ရာတွင်ပါဝင်သည့် ရွှေညောင်ပင်ကျေးရွာနေသူများဖြစ်သော ကျာကျား၊ ဒယေနှင့်ဂျော်နီတို့ အားထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ဖမ်းဆီးရမိသူများအား ဥပဒေအရအရေးယူရန် လုံခြုံရေးအဖွဲ့ဝင်များက ဆက်လက်ဆောက်ရွက်လျက်ရှိကာ ကျန်ရှိသူများအား ထပ် မံဖမ်းဆီးရမိရေးအတွက် စစ်ဆေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here