တရုတ်နှင့်တင်းမာမှုများမြင့်တက်နေချိန်တွင် တိုက်ခိုက်ရေးစွမ်းအားမြှင့်တင်ရန်ထိုင်ဝမ်သမ္မတကတိပြုမည်

0
179

တိုင်ပေ၊အောက်တိုဘာ ၉

ထိုင်ဝမ်သမ္မတဆိုင်အင်ဝမ်သည် တရုတ်နှင့်တင်းမာမှုများ သိသိသာသာမြင့်တက်နေချိန်တွင် အောက်တိုဘာ ၁၀ ရက်တနင်္လာနေ့တွင်ပြောကြားမည့်မိန့်ခွန်း၌ ကျွန်း၏ကာကွယ်ရေးနှင့်တိုက်ခိုက်ရေးစွမ်းရည်ကိုမြှင့်တင်ရန် ကာကွယ်ရေး ဘတ်ဂျက်ကို တိုးမြှင့် ခွဲဝေပေးရန် ကတိပြုမည်ဖြစ်ကြောင်း သိရှိရသည်။

တရုတ်က၎င်း၏ပိုင်နက်အဖြစ်ဆိုထားသော ထိုင်ဝမ်သည် ဩဂုတ်လအစောပိုင်းက အမေရိကန်အောက်လွှတ်တော်ဥက္ကဌနန်စီပေလိုစီ၏ခရီးစဉ်အပြီးတွင် တရုတ်၏စစ်ရေးလေ့ကျင့်မှုများအပါအဝင် နိုင်ငံရေးနှင့်စစ်ရေးအရဖိအားများတိုးလာခြင်းကိုခံနေရသည်။

တနင်္လာနေ့တွင်ပြောကြားမည့်မိန့်ခွန်း၌ ဆိုင်အနေဖြင့် “နိုင်ငံတော်ကာကွယ်ရေးနှင့်တိုက်ခိုက်ရေးစွမ်းအားကိုမြှင့်တင်ရန်အပါအဝင် ပြည်သူများ စိတ်ဓာတ်‌ ရေး ရာ စည်းလုံးညီညွတ်ရေး” အကြောင်းများကို အဓိကထားပြောကြားသွားမည်ဖြစ်ကြောင်းသိရှိရသည်။

“ထိုင်ဝမ်၏ မိမိကိုယ်ကို မိမိကာကွယ်ရေး၊ ဒေသတွင်းငြိမ်းချမ်းရေးနှင့်တည်ငြိမ်ရေးကို ထိန်းသိမ်းရန် ရပ်တည်ချက်အား မြှင့်တင်ရန်ဆုံးဖြတ်ချက်ကိုထပ်လောင်းအတည်ပြုခဲ့ပြီး ကာကွယ်တိုက်ခိုက်ရေးစွမ်းအားနှင့် ပြန်လည်ရုန်းထနိုင်စွမ်းကောင်းလာစေရန်ကြိုးပမ်းမှုများအကြောင်းကို အသေးစိတ်ရှင်းပြမည်ဖြစ်သည်” ဟု သတင်းရင်းမြစ်တစ်ဦးကပြောကြားခဲ့သည်။

ထိုင်ဝမ်အားတရုတ်က၎င်း၏အချုပ်အခြာအာဏာပိုင်အဖြစ် အခိုင်အမာတောင်းဆိုနေချိန်တွင် ဆိုင်သည်စစ်ဘက်ခေတ်မီရေးအစီအစဉ်ကို ကြီးကြပ်နေကာ ကာကွယ်ရေးအသုံးစရိတ်ကိုမြှင့်တင်နေကြောင်းလည်းဖော်ပြထားသည်။သမ္မတဆိုင်၏မိန့်ခွန်းသည် တရုတ်သမ္မတရှီကျင့်ဖျင်အတွက် တတိယအကြိမ်မြောက်ငါးနှစ်သက်တမ်းကိုထပ်မံအနိုင်ရရန် မျှော်လင့်ထားသည့် ပေကျင်း၏အာဏာရကွန်မြူနစ်ပါတီ ညီလာခံမဖွင့်မီတစ်ပတ်အလိုတွင် ပြောကြားမည်ဖြစ်သည်။

တရုတ်နိုင်ငံဘက်မှ ထိုင်ဝမ်နှင့်အေးအေးဆေးဆေးပြန်လည်ပေါင်းစည်းလိုပြီး တစ်နိုင်ငံစနစ်နှစ်ခုဖြင့်ပေါင်းစည်းလိုကြောင်းကတိပြုထားသည်။ထိုင်ဝမ်၏ပင်မနိုင်ငံရေးပါတီအားလုံးသည် အဆိုပါကမ်းလှမ်းချက်အားပယ်ချခဲ့ပြီး စစ်တမ်းများအရလူထုထောက်ခံမှုမှာလည်း မရှိသလောက်နည်းပါးကြောင်းသိရှိရသည်။ထိုင်ဝမ်ကို၎င်း၏လက်အောက်သို့ပြန်လည်ပေါင်းစည်းနိုင်ရန် တရုတ်အနေဖြင့်လည်းလိုအပ်ပါကအင်အားသုံးမည်ဖြစ်သည်။

ပေကျင်းသည် ၂၀၂၀ ပြည့်နှစ်က အပြတ်အသတ်ထပ်မံအနိုင်ရရှိခဲ့ပြီး ၎င်းတို့ကခွဲထွက်ရေးသမားတစ်ဦးအဖြစ်ယူဆထားသည့် ဆိုင်နှင့်ဆွေးနွေးရန်ငြင်းဆိုခဲ့သည်။သမ္မတဆိုင်သည် တန်းတူညီမျှမှုနှင့် အပြန်အလှန်လေးစားမှုအပေါ် အခြေခံသည့်ဆွေးနွေးပွဲများကို အကြိမ်ကြိမ်ကမ်းလှမ်းခဲ့သည်။ဆိုင်သည် တရုတ်နိုင်ငံရန်ကိုကာကွယ်နိုင်စေရန် ထိုင်ဝမ်၏ကာကွယ်ရေးစနစ်ကို ခိုင်ခံ့ အောင်ပြုလုပ်ခဲ့သည်။

Source : Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here