ဘုရင့်နောင်ပွဲရုံရှိ “အံ့ထူး”ငရုတ်သီးမှုန့်နှင့်ကုန်စုံ ဆိုင်မှထုတ်လုပ်သည့် ငရုတ်သီးမှုန့်များတွင် ခွင့်မပြုဆိုးဆေးများပါဝင်ဟု FDA Myanmar ထုတ်ပြန်

0
681

ကျန်းမာရေးဝန်ကြီးဌာန၏ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှတာဝန်ရှိသူများသည် မရမ်းကုန်းမြို့နယ် အစားအသောက်နှင့်ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီအဖွဲ့ဝင်များနှင့်ပူးပေါင်း၍ ဘုရင့်နောင်ပွဲရုံရှိ “အံ့ထူး”င ရုတ်သီးမှုန့်နှင့်ကုန်စုံဆိုင်အား ရှောင်တခင်ဝင်ရောက်စစ်ဆေးခဲ့ကြသည်။

ထိုသို့ စစ်ဆေးရာ “အံ့ထူး”ငရုတ်သီးမှုန့်နှင့်ကုန်စုံ ဆိုင်မှထုတ်လုပ်သည့် ငရုတ်သီးအစိမ်းမှုန့်၊ ငရုတ် သီးခွဲခြမ်းမှုန့်၊ ငရုတ်သီးအကြမ်းမှုန့်၊ အစိမ်းမှုန့်၊ ငရုတ်သီးအကျက်မှုန့်နှင့် ငရုတ်သီးခွဲခြမ်းမှုန့်တို့တွင် ခွင့်မပြုဆိုးဆေးများပါဝင်နေသည်ကို စစ် ဆေးတွေ့ရှိခဲ့ရသည်။

ခွင့်မပြုဆိုးဆေးများပါဝင်သည့် ငရုတ်သီးမှုန့်များအား ထိတွေ့မိပါက အရေပြား၊မျက်စိ၊နှာ ခေါင်းနှင့်လည်ချောင်းများ ယားယံစေကာ ရေ ရှည်စားသုံးမိပါက အသည်းနှင့်ကျောက်ကပ်ပျက်စီးနိုင်ခြင်းနှင့်ကင်ဆာရောဂါဖြစ်ပွားနိုင်ခြင်း၊အချိန်တိုအတွင်းပမာဏအများအပြားစားသုံးမိပါက အဆိပ်သင့်ခြင်းများဖြစ်ပွားနိုင်သည်ဟု FDA Myanmar ကအသိပေးထုတ်ပြန်ခဲ့သည်။

ထို့ကြောင့် ခွင့်မပြုဆိုးဆေးများပါဝင်သည့် ငရုတ်သီးမှုန့်များအား သိမ်းဆည်းကာဖျက်စီးခဲ့ပြီး ခံဝန်ကတိလက်မှတ်ရေးထိုးစေခဲ့ကြောင်း သိရသည်။

ရောင်းချသူများအနေဖြင့် FDA Myanmar မှခွင့်ပြုထားခြင်းမရှိသည့် စားသုံးရန်မသင့်သည့် အ စားအသောက်များအား စျေးကွက်အတွင်းဖြန့်ဖြူးရောင်းချခြင်းမပြုရန်နှင့်လိုက်နာခြင်းမရှိပါက အမျိုးသားအစားအသောက်ဥပဒေပုဒ်မ ၂၈(က)အရ အရေးယူခံရမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here