မြောက်ဒဂုံတွင် အိမ်စီးကားပေါ် ဗုံးပေါက်ကွဲမှုဖြစ်ပွား 

0
772

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်မြောက်ပိုင်းတွင် ကားပေါ်၌ ဗုံးပေါက်ကွဲ မှုဖြစ်ပွားခဲ့ပြီး ယာဉ်မောင်းဖြစ်သူ ပြင်းထန်ဒဏ်ရာရရှိသွားကြောင်း သတင်းရရှိသည်။

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၊ (၃၆) ရပ်ကွက်၊ ပင်လုံလမ်းနှင့် ရွှေသီရိလမ်းထောင့်တွင် ယနေ့ အောက်တိုဘာလ (၁၀) ရက်နေ့ ညနေ ၄နာရီ ၂၅ မိနစ်ခန့်က Honda Fit အနီရောင်ကားပေါ်တွင် ပေါက်ကွဲ ခဲ့ခြင်းဖြစ်သည်။

ဦးမျိုးမြင့်အောင်မောင်းနှင်လာသည့် Honda Fit အနီရောင် MDY 7L/ 5229 မှပေါက်ကွဲခြင်းဖြစ်ပြီး ပေါက်ကွဲမှုကြောင့် ဦးမျိုးမြင့်အောင်တွင် ယာဘက်ခြေထောက်အောက်ပိုင်း စုတ်ပြတ်ဒဏ်ရာ(စိုးရိမ်ရ)များရရှိပြီး ဆေးရုံသို့ပို့ဆောင်ထားကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့၀င်များကပေါက်ကွဲသည့်အကြောင်းရင်းကို စစ်ဆေးနေကြောင်းသိရသည်။

ဓာတ်ပုံ – CJ


LEAVE A REPLY

Please enter your comment!
Please enter your name here