ပထမအကြိမ်တွေ့ဆုံဆွေးနွေးစဥ်က သဘောတူညီမှုအများအပြားရရှိခဲ့သည့် မွန်ပြည်သစ်ပါတီမှ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ ဒုတိယအကြိမ်ထပ်မံဆွေးနွေးရန် နေပြည်တော်သို့ရောက်ရှိလာ

0
128

နစက ဥက္ကဋ္ဌ၏ ဖိတ်ခေါ်ချက်အရ တစ်နိုင်ငံလုံးထာဝရငြိမ်းချမ်းရေးရရှိရန်နှင့်လက်နက်ကိုင်ပဋိပက္ခချုပ်ငြိမ်းရန်အတွက် မွန်ပြည်သစ်ပါတီ (NMSP)ဒု-ဥက္ကဋ္ဌ နိုင်အောင်မင်း ဦးဆောင်သည့် ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့သည် အောက် တိုဘာ ၁၀ ရက်မွန်းလွဲပိုင်းက နေပြည်တော်၊ Horizon Lake View Resort သို့ မော်တော်ယာဉ်များဖြင့် ရောက်ရှိလာခဲ့သည်။

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီအဖွဲ့ဝင်နှင့်တာ ဝန်ရှိသူများ၊ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ၊သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊အနုပ ညာဦးစီးဌာနမှ တိုင်းရင်းသား၊တိုင်းရင်းသူများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ဒေသခံပြည်သူများက ကြိုဆိုခဲ့ကြသည်။

“ထာဝရငြိမ်းချမ်းရေးကိုရရှိရေးသည် ပြည်သူတစ်ရပ်လုံး၏ ဆန္ဒအစစ်အမှန်ဖြစ်သည်၊ငြိမ်း ချမ်းရေးရရှိရေးသည် နိုင်ငံသားအားလုံး၏ ဆန္ဒအမှန်ဖြစ်သည်၊ပြည်ထောင်စုကြီးငြိမ်းချမ်းဖို့ တွေ့ဆုံဆွေးနွေးကြပါစို့၊တိုင်းရင်းသားတွေ စည်း လုံးမှငြိမ်းချမ်းတည်ငြိမ်အေးချမ်းရ ဆိုင်းဘုတ်များ၊နိုင်ငံတော်အလံငယ်များ ကိုင်ဆောင်၍ ကြို ဆိုခဲ့ကြသည်။

NMSP ဒု-ဥက္ကဋ္ဌဦးဆောင်သည့် ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နှင့် ပထမအကြိမ်က မေ ၂၃ ရက်မှ ၂၅ ရက်အထိ တွေ့ဆုံစဥ်က ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာရေး၊ဒီမိုကရေစီနှင့်ဖက်ဒရယ်စန စ်တို့ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေး၊ပြည်ထောင်စုငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးတိုး တက်ရေးတို့အတွက် ဆက်လက်ကြိုးပမ်းကြရန် သဘောတူညီခဲ့ကြသည်။ 

ယခု ဒုတိယအကြိမ် ဆွေးနွေးရာတွင်လည်း တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ နိုင်ငံ ရေးလိုလာချက်နှင့်အနာဂတ်လုပ်ငန်းစဉ်များကိုဆွေးနွေးညှိနှိုင်းရန်လမ်းဖွင့်ထားကြောင်း သိရသည်။

ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ မလာရောက်သေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကိုလည်း မည်သည့်အခြေအနေမျိုးတွင်မဆို ကြိုတင်ကန့်သတ်ချက်မထားဘဲ လာရောက်ဆွေးနွေးနိုင်ရန် ဖိတ်ခေါ်ထားသည်။

ပုံစာ -နစက ဥက္ကဋ္ဌနှင့်မွန်ပြည်သစ်ပါတီ(NMSP)ဒု-ဥက္ကဋ္ဌနိုင်အောင်မင်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တို့ မေ ၂၃ ရက်တွင် နေပြည်တော်၌ ငြိမ်း ချမ်းရေးဆိုင်ရာကိစ္စများနှင့်ပတ်သက်၍ တွေ့ဆုံဆွေးနွေးစဉ်


LEAVE A REPLY

Please enter your comment!
Please enter your name here