စက်သုံးဆီသင်္ဘောများ သီလဝါဆိပ်ကမ်းသို့ထပ်မံဆိုက်ကပ်၍ ဆီချလုပ်ငန်းများဆောင်ရွက်မည်

0
247

ရန်ကုန်တိုင်းရှိ သီလဝါဆိပ်ကမ်းသို့ စက်သုံးဆီများတင်ဆောင်လာသည့် MT Yu Yi သင်္ဘောများ ယခု ရက်ပိုင်းအတွင်း ထပ်မံဆိုက်ကပ်၍ ဆီချလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ် ငန်းကြီးကြပ်ရေးကော်မတီမှ သိရသည်။

သီလဝါဆိပ်ကမ်းသို့ ပရီမီယံဒီဇယ်ဆီ ၂ ဒသမ ၉ ဂါလန်သန်းတင် ဆောင်လာသည့် MT Aulac Vision သင်္ဘောနှင့် ရိုးရိုးဒီဇယ်ဆီ ၁ ဒသမ ၆ ဂါ လန်သန်းနှင့်ပရီမီယံဒီဇယ်ဆီ ၁ ဒသမ ၈၆ ဂါလန်သန်းတင်ဆောင်လာသည့် MT Yu Yi သင်္ဘောများ ထပ်မံဆိုက်ကပ်လာမည်ဖြစ်သည်။ 

အောက်တိုဘာ ၁၀ ရက်ကလည်း MT YU DONG သင်္ဘောမှ ဓာတ်ဆီ 92 Ron ၀ ဒသမ ၀၂ ဂါလန်သန်းနှင့်ပရီမီယံဒီဇယ်ဆီ ၂ ဒသမ ၈၀ ဂါလန် သန်း၊ MT Bowmore သင်္ဘောမှ ဓာတ်ဆီ 92 Ron ၀ ဒသမ ၁၄ ဂါလန် သန်းတို့အား ဆီချလုပ်ငန်းများဆောင်ရွက်ခဲ့သဖြင့် စက်သုံးဆီလက်ကျန်အခြေအနေအရ ပြည်တွင်း၌ စက်သုံးဆီဖူလုံမှုရှိကြောင်း သိရသည်။

ကမ္ဘာ့စက်သုံးဆီဈေးနှုန်းများ ယခုရက်သတ္တပတ်အတွင်း မြင့်တက်လာခဲ့သဖြင့် ပြည်တွင်း၌စက်သုံးဆီစျေးနှုန်းများအနည်းငယ်မြင့်တက်လာခဲ့သည်ဟု စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ သိရသည်။

စက်တင်ဘာလအတွင်းကလည်း သီလဝါဆိပ် ကမ်း၌ ပထမအကြိမ် ဆီဂါလံ စုစုပေါင်း ၂၄၆ ဒသမ ၁၄ သန်း၊ စက်တင်ဘာ ၂၅ ရက်က ဆီဂါလံ စုစုပေါင်း ၆ သန်းကျော်၊ စက်တင်ဘာလ ၂၈ ရက်တွင်လည်း ဆီဂါလံ စုစုပေါင်း ၈ သန်းကျော်ဆီချခဲ့ပြီးဖြစ်ကြောင်း သိရသည်။

စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ် ငန်းကြီးကြပ်ရေးကော်မတီမှ သတ်မှတ်ရည်ညွှန်းဈေးနှုန်းထက်ပိုမိုရောင်းချသည့် စက်သုံးဆီအရောင်းဆိုင်များအားစိစစ်၍ ရေနံနှင့်ရေနံထွက်ပ စ္စည်းဆိုင်ရာဥပဒေ (၂၀၁၇)အရ အရေးယူဆောင် ရွက်လျက်ရှိကြောင်း သိရသည်။

စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ် ငန်းကြီးကြပ်ရေးကော်မတီမှ တိုင်းနှင့်ပြည်နယ်များရှိ ကုမ္ပဏီပိုင်စက်သုံးဆီအရောင်းဆိုင်များနှင့်ပုဂ္ဂလိကစက်သုံးဆီ အရောင်းဆိုင်များထံ စက်သုံးဆီပြတ်လပ်မှုမရှိစေရန် အချိန်မီပို့ဆောင်ပေးလျက်ရှိသည်။

ထိုသို့ ပို့ဆောင်ပေးလျက်ရှိသော်လည်း ယခင်ရက်သတ္တပတ်အတွင်း စစ်ကိုင်းတိုင်း၊မုံရွာမြို့ နယ်ရှိ မြောင်စက်သုံးဆီအရောင်းဆိုင်သို့ အရေးပေါ် စက်သုံးဆီပို့ဆောင်စဉ် မြောင်-ပရိမ္မလမ်းပိုင်းတွင် အမည်မသိလက်နက်ကိုင်အဖွဲ့မှ စက်သုံးဆီတင်ယာဉ်၊ယာဉ်မောင်း၊ယာဉ်နောက်လိုက်များအားဖမ်းဆီးခေါ်ဆောင်သွား၍ သက်ဆိုင်ရာ စက်သုံးဆီအရောင်းဆိုင်များသို့ အချိန်မီရောက်ရှိနိုင်ခြင်းမရှိခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here