မန္တလေး- လားရှိုးမီးရထားလမ်း ပန်းရံတော်ချောင်းကူးတံတား လက်လုပ်မိုင်းဖြင့် ဖောက်ခွဲဖျက်ဆီးခံရ

0
139

မန္တလေး- လားရှိုးမီးရထားလမ်း ပန်းရံတော်ချောင်းကူးတံတား လက်လုပ်မိုင်းဖြင့် ဖောက်ခွဲဖျက်ဆီးခံရမန္တလေး- လားရှိုးမီးရထားလမ်း ပန်းရံတော်ချောင်းကူးတံတားသည် အောက်တိုဘာ ၉ ရက် နံနက်ပိုင်းက လက်လုပ်မိုင်းဖြင့် ဖောက်ခွဲဖျက်ဆီးခံရကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ထံမှ သိရသည်။

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ တံခွန်တိုင်ရပ်ကွက်၊ မန္တလေး-လားရှိုးမီးရထားလမ်းမိုင်တိုင်အမှတ် (၃၇၉)အနီးရှီ ပန်းရံတော် ချောင်းကူးတံတား၊ တံတားအမှတ်(၈၃၀)အား အမည်မသိလက်နက်ကိုင်များက အောက်တိုဘာလ ၉ ရက် နံနက် ၇ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် လက်လုပ်မိုင်းတစ်လုံးဖြင့် ဖောက်ခွဲဖျက်ဆီးခဲ့ခြင်းဖြစ်သည်။

ထိုသို့ဖောက်ခွဲမှုကြောင့် တံတားပေါ်ရှိ သစ်သားဇလီဖားတုံး ၃ တုံး ထိခိုက်ပျက်စီးခဲ့ပြီး တံတားနှင့် သံလမ်းတို့ ပျက်စီးမှုမရှိကြောင်း သိရသည်။

အဆိုပါ ဖောက်ခွဲမှုကို ကျူးလွန်ခဲ့သူများအား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here