စားအုန်းဆီ တစ်ပိဿာ (၃၈၀၀) ကျပ်ဖြင့်ရောင်းရန် ညွှန်ကြားသော်လည်း ဈေးကွက်တွင် ထက်ဝက်နီးပါး ဈေးတင်ရောင်းချ

0
257

စီးပွားကူးသန်း ဝန်ကြီးဌာန လက်အောက်ရှိ စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေး ကော်မတီက စားသုံးဆီ တစ်ပိဿာလျင် (၃၈၀၀) ကျပ်ဖြင့် ရောင်းချရန် ညွှန်ကြားထားသော်လည်း ဈေးကွက်တွင် ထက်ဝက်နီးပါး ဈေးတင်ရောင်းချနေဆဲဖြစ်ကြောင်း သိရသည်။

ယနေ့အောက်တိုဘာလ (၁၁) ရက်မှ (၁၆) ရက်အထိ တစ်ပတ်အတွင်း ရောင်းချရမည့် စားအုန်းဆီ ရည်ညွှန်းဈေး နှုန်းကို ကော်မတီက ထုတ်ပြန်ပေးထားခြင်း ဖြစ်သည်။

ယင်းသို့ ရည်ညွှန်းဈေးနှုန်းကို ထုတ်ပြန်ပေးထားသော် လည်း ဈေးကွက်တွင် ယနေ့ အောက်တိုဘာ (၁၁) ရက် ပေါက်ဈေးအရ စားအုန်းဆီ တစ်ပိဿာလျင် (၇၀၀၀) ကျပ် ဝန်းကျင် ရောင်းချနေကြောင်း ပြည်သူအချို့ထံမှ သိရသည်။


” ဒီနေ့ဈေးက တစ်ပိဿာ ၇၀၀၀ ကျပ်ပေါ့။ ဟိုနား ဒီနား ကွာလည်း နည်းနည်းပါးပါးပါပဲ” ဟု ရန်ကုန်မြို့နေ ပြည်သူ တစ်ဦးက ပေါ်ပြူလာနယူး(စ်) သို့ ပြောသည်။

ယနေ့ ဈေးနှုန်းများအရ အနည်းငယ်ကျဆင်းလာသော် လည်း စားသုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေး ကော်မတီ၏ ရည်ညွှန်းဈေးနှုန်းများနှင့် ကွာဟနေဆဲ ဖြစ်သည်။

” ဆီမှ မဟုတ်ပါဘူး ။ ကုန်ဈေးနှုန်းတွေအကုန်လုံးက တက်ပြီးရင် ပြန်မကျတော့ဘူး။ ပြောလိုက်ရင် ဟိုဟာတက်လို့ ဒီဟာတက်လို့နဲ့ ။ ဒေါ်လာဈေး ပြန်ကျလည်း သူတို့က မကျဘူး” ဟု အဆိုပါ ရန်ကုန်မြို့ခံက ဆက်ပြောသည်။

ပြီးခဲ့သည့် လများအတွင်းက ပြည်တွင်း၌ ဒေါ်လာဈေးမြင့်တက်ခဲ့ရာမှ စားအုန်းဆီအပါအဝင် အခြေခံ စားသောက်ကုန်ဈေးနှုန်းများပါ လိုက်တက်ခဲ့ခြင်းအပေါ် အခြေခံပြည်သူများ စားဝတ်နေရေးအကြပ်ရိုက်ခဲ့ရခြင်းဖြစ်သ ည်။

အဆိုပါ အခြေအနေအပေါ် အစိုးရက ဝင်ရောက်ထိန်းကြောင်းမှုများ လုပ်ဆောင်ခဲ့သော်လည်း မြင့်တက်ခဲ့သည့် ကုန်ဈေးနှုန်းများမှာ ပြန်လည်ကျဆင်းခြင်း မရှိသေးခြင်း ဖြစ်သည် 

ပြည်တွင်း ဈေးကွက်တွင် ဈေးနှုန်းမြှင့်တင်ရောင်းချခြ င်း၊ ဈေးကစားရန် ရည်ရွယ်၍ သိုလှောင်ခြင်းနှင့် မသမာသည့် လုပ်ဆောင်မှုများ လုပ်ဆောင်ပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်မည်ဟု  စားသုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေး ကော်မတီက သတင်း ထုတ်ပြန်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here