မလေးရှားထီပေါက်သည့် မြန်မာနိုင်ငံသား မြန်မာငွေကျပ်သိန်း ၆၀၀ နီးပါးခန့်ရရှိ

0
383

မလေးရှားနိုင်ငံရှိ စားသောက်ဆိုင်တစ်ဆိုင်၌ အလုပ်လုပ်ကိုင်နေသည့် မြန်မာ နိုင်ငံသားတစ်ဦး ယခုအပတ်က မလေးရှား ၆ လုံးထီပေါက်၍ မြန်မာငွေကျပ်သိန်း ၆၀၀ နီးပါးခန့်ရရှိခဲ့သည်ဟု နှလုံးလှပရဟိတလူငယ်များသွေးလှူရှင်အဖွဲ့(ကွာလာလမ်ပူ-မလေးရှား)မှ သိရသည်။

မလေးရှားထီကံထူးခဲ့သူသည် ရခိုင်ပြည်နယ်၊ရမ်းဗြဲမြို့နယ်နေ ကိုနေကျော်လင်းဖြစ်ကာ မလေးရှားနိုင်ငံ၊Batu Pahat မြို့ရှိ စားသောက်ဆိုင်တစ်ဆိုင်တွင်အလုပ်လုပ်ကိုင်နေသူဖြစ်ကြောင်း သိရသည်။

နှလုံးလှပရဟိတလူငယ်များသွေးလှူရှင်အဖွဲ့(ကွာလာလမ်ပူ-မလေးရှား)မှ ကူညီပေးမှုများပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here