ရတနာပုံတက္ကသိုလ်(မန္တလေး)၌ အထူးပြုဘာ သာရပ် ၂ ခုထပ်တိုးဖွင့်လှစ်သင်ကြားသွားမည်

0
350

မန္တလေးမြို့ရှိ ရတနာပုံတက္ကသိုလ်(မန္တလေး)၌ နိုဝင်ဘာလတွင် စတင်ဖွင့်လှစ်မည့် (၂၀၂၂- ၂၀၂၃)ပညာသင်နှစ်အတွင်း (၂၀၂၂)ခုနှစ် တက္က သိုလ်ဝင်တန်းအောင်မြင်သူများ လျှောက်ထားနိုင်သည့် နေ့သင်တန်းအထူးပြုဘာသာရပ် ၂ ခုအား ထပ်တိုးဖွင့်လှစ်သင်ကြားပို့ချသွားမည်ဖြစ် ကြောင်း သိရသည်။

နေ့သင်တန်းအထူးပြုဘာသာရပ် ၂ ခုအား စာကြည့်တိုက်နှင့်သုတပညာဌာနမှ Records and Archives Management(မှတ်တမ်းနှင့်မော်ကွန်းစီမံခန့်ခွဲမှုပညာ)ဘာသာရပ်နှင့်ပထဝီဝင်ဌာနမှ Environmental Studies(သဘာဝပတ်ဝန်းကျင်ဆိုင်ရာလေ့လာမှုပညာ)ဘာသာရပ်တို့ဖြစ်သည်။

တက်ရောက်အောင်မြင်သူများသည် B.A (Records and Archives Management) ဝိဇ္ဇာဘွဲ့ (မှတ်တမ်းနှင့်မော်ကွန်းစီမံခန့်ခွဲမှုပညာ)၊ B.A (Hons.)(Records and Archives Management) ဝိဇ္ဇာ(ဂုဏ်ထူး)ဘွဲ့ (မှတ်တမ်းနှင့်မော်ကွန်းစီမံခန့်ခွဲမှုပညာ)၊(B.ES. Environmental Studies)ဝိဇ္ဇာဘွဲ့ (သဘာဝပတ်ဝန်းကျင်ဆိုင်ရာလေ့လာမှုပညာ)၊B.ES(Hons.)(Environmental Studies) ဝိဇ္ဇာ (ဂုဏ်ထူးဘွဲ့ )(သဘာဝပတ်ဝန်းကျင်ဆိုင်ရာလေ့ လာမှုပညာ)ဘွဲ့များပေးအပ်သွားမည်ဖြစ်သည်။
 
(B.A)ဘွဲ့အား ၄ နှစ်နှင့် (Hons.)ဘွဲ့အား ၅ နှစ် စာ သင်နှစ်တစ်နှစ်လျှင် ပညာသင်ကာလ ၂ ကြိမ်တက်ရောက်ရမည်ဖြစ်ပြီး (Records and Archives Management)ဘာသာရပ်၌ ကျောင်း သား၊ကျောင်းသူ ၅၀ ဦးနှင့်(Environmental Studies)ဘာသာရပ်၌ ကျောင်းသား၊ကျောင်းသူ ၁၀၀ ဦးအား သင်ကြားပို့ချပေးသွားမည်ဖြစ် သည်။
 
Records and Archives Management (မှတ် တမ်းနှင့်မော်ကွန်းစီမံခန့်ခွဲမှုပညာ)ဘာသာရပ်အား မှတ်တမ်းများထိန်းသိမ်းရာ၌ စနစ်တကျထိန်းသိမ်းနိုင်စေရန်၊လူ့စွမ်းအားအရင်းအမြစ်များမွေးထုတ်ပေးနိုင်ရန် Environmental Studies (သဘာဝပတ်ဝန်းကျင်ဆိုင်ရာ လေ့လာမှုပညာ) ဘာသာရပ်အား သဘာဝနှင့်လူသားအရင်းအမြစ်များ စနစ်တကျစီမံခန့်ခွဲမှုကို အားပေးနိုင်စေရန်နှင့် အနာဂတ်ကာလတွင် ပတ်ဝန်းကျင်ဆိုင်ရာ ရေ ရှည်တည်တံ့မှုကိုဖော်ဆောင်ပေးနိုင်မည့် လူ့အဖွဲ့ အစည်းအားအရည်အသွေးများ မြှင့်တင်ပေးနိုင်ရန် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရသည်။

ရတနာပုံတက္ကသိုလ်(မန္တလေး)တွင် အထူးပြုဘာ သာရပ် ၂၅ ခုအား သင်ကြားပို့ချလျက်ရှိရာမှ (၂၀၂၂-၂၀၂၃)ပညာသင်နှစ်မှစတင်၍ အထူးပြုဘာသာရပ် ၂ ခုထပ်တိုးခဲ့သဖြင့် (စုစုပေါင်း အ ထူးပြုဘာသာရပ် ၂၇ ခု)ဖြင့် သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here