တက်ရိပ်သန်းနေသည့် ရွှေဈေး အကျဘက်သို့ ဦးတည်လာ ၊ ဈေးကွက်တွင် တစ်ကျပ်သား ၂၆ သိန်းအောက်ပြန်ဆင်း

0
392

ရန်ကုန်နှင့် မန္တလေးတွင် ရွှေအပြိုင်ရောင်းချသည့် အစီ အစဉ်များလုပ်ဆောင်ပြီးနောက်ပိုင်း ယခုတစ်ပတ်ဈေး ကွက်ဖွင့်ချိန်တွင် ‌အခေါက်ရွှေ တစ်ကျပ်သား ၂၆ ‌သိန်းကျပ်အောက်သို့ ကျဆင်းခဲ့ကြောင်း ပြည်တွင်း ရွှေဈေး ကွက်အတွင်းမှ သိရသည်။

ယနေ့ အောက်တိုဘာလ (၁၁) ရက် ဈေးကွက်အတွင်း အ ရောင်းအဝယ်ပြုလုပ်သည့် ဈေးနှုန်းများအရ အခေါက် ရွှေ တစ်ကျပ်သားလျှင် ၂၅၇၀၀၀၀ ကျပ်ဝန်းကျင်ရောင်း ချပြီး ဝယ်ဈေးမှာ ၂၅၄၀၀၀၀ ကျပ်ဖြစ်ကြောင်း သိရသ ည်။

ရွှေဈေးနှုန်းမြင့်မားနေမှုကို ထိန်းချုပ်ရန် ပြီးခဲ့သည့် ရက် ပိုင်းအတွင်းက ရန်ကုန်နှင့် မန္တလေးတွင်ရွှေပိဿာချိန် နှစ်ဆယ်နီးပါးကို တစ်ကျပ်သား ၂၅ သိန်း ဝန်းကျင်ဖြင့် ရော င်းချပေးခဲ့ပြီးနောက် တက်ရိပ် ရွှေဈေးနှုန်းမှာ အနည်းင ယ် ပြန်လည် ကျဆင်း လာခြင်း ဖြစ်သည်။

ပြည်တွင်း၌ ဒေါ်လာဈေး အဆမတန်မြင့်တက်ခဲ့မှုကြောင့် ရွှေဈေးနှုန်းမှာလည်း အခေါက်ရွှေ တစ်ကျပ်သားလျင် (၃၇) သိန်းကျပ်အထိ စံချိန်တင်မြင့်တက်ခဲ့ကာ လက်ရှိအချိန်ထိ (၂၅) သိန်းအထက်တွင် ရပ်တည်နေဆဲ ဖြစ်သ ည်။

လက်ရှိ ပြည်တွင်းရှိ နိုင်ငံခြားငွေဈေးကွက်တွင် ဒေါ်လာဈေးနှုန်းမှာ တစ်ဒေါ်လာ (၃၀၀၀)ကျပ် အောက်သို့ ပြန် လည်ကျဆင်းခဲ့သော်လည်း ဈေးနှုန်းအတက်အကျ ရှိနေတဲ ဖြစ်သည့်အတွက် ရွှေဈေးနှုန်းမှာလည်း တည်ငြိမ်ခြ င်း မရှိသေးကြောင်း ရန်ကုန်ရွှေအသင်း ဥက္ကဋ္ဌ ဦးမျိုးမြင့်က ပေါ်ပြူလာနယူး(စ်) ပြောကြားထားသည်။

” ဒေါ်လာဈေးကို ထိန်းနိုင်မှ ရွှေဈေးက ငြိမ်မှာပေါ့နော်။ အဲဒီ သဘောပါပဲ” ဟု ဦးမျိုးမြင့်က ပြောကြားထားသည်။

လက်ရှိတွင် အစိုးရမှ ရွှေဈေးထိန်းချုပ်ရန် ကြိုးပမ်းနေပြီး သက်ဆိုင်ရာ ရွှေအသင်းများကလည်း ရွှေထုတ်ရော င်းခြင်းဖြင့် ဈေးဈေးကျရန် လုပ်ဆောင်ပေးနေကြောင်း သိရသည်။

အောက်တိုဘာ (၁၂) ရက်တွင် ရန်ကုန်ရွှေအသင်းမှ အမှု ဆောင်များက ရွှေ ပိဿာချိန် (၁၂) ပိဿာကျော်ကို ပြင်ပပေါက်ဈေးထက် ဈေးလျှော့ ရောင်းချပေးသွားရန်ရှိပြီး ရွှေအသင်းဝင်များမှ အပ မည်သူမဆို လွတ်လပ်စွာ ဝယ်ယူနိုင်ကြောင်းသိရသည်။

ယင်းသို့ ရောင်းချရာတွင် ဝယ်ယူမည့်သူများအနေဖြင့် မှ တ်ပုံတင်နှင့် သန်းခေါင်စာရင်း ယူဆောင်လာရန်လိုအပ်ပြီး လက်ငင်းငွေချေစနစ်ဖြင့် တစ်အိမ်ထောင်လျင် (၁၀) သားအထိ ဝယ်ယူနိုင်ကြောင်း ရန်ကုန်တိုင်း ရွှေအသင်းမှ သိရသည်။

ယနေ့ အောက်တိုဘာ (၁၁) ရက် ညနေပိုင်း ရန်ကုန်ရွှေအ သင်း၏ ရည်ညွှန်းဈေးနှုန်းမှာ အခေါက်ရွှေ တစ်ကျပ်သားလျင် (၁၉၅၈၀၀၀) ကျပ် ဖြစ်ပြီး ကမ္ဘာ့ရွှေဈေးနှုန်းမှာ တစ်အောင်ဆလျင် အမေရိကန်ဒေါ်လာ ၁၆၆၄ ဒေါ် လာ ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here