ဗိုလ်ချုပ်ကြီးဟောင်း သူရဦးရွှေမန်းဦးဆောင်သည့် ပြည် ထောင်စု ကောင်းကျိုးဆောင်ပါတီ ရွေးကောက်ပွဲမဝင်ဘဲ ပါတီကို ဖျက်သိမ်းရန် ပြင်ဆင်နေဟုဆို

0
286

ဗိုလ်ချုပ်ကြီးဟောင်း သူရဦးရွှေမန်း ဦးဆောင်သည့် ပြ ည်ထောင်စု ကောင်းကျိုးဆောင်ပါတီကို ဖျက်သိမ်းရန် စီစဉ်နေကြောင်း ပါတီထိပ်ပိုင်း ခေါင်းဆောင်များထံက  သိရသည်။

နစက က ရွှေးကောက်ပွဲကျင်းပရန် ပြင်ဆင်နေသည့်အ ချိန်တွင် ယခုကဲ့သို့ ပါတီဖျက်သိမ်းမည့်အကြောင်း ပြော ဆိုလာခြင်း ဖြစ်သည်။

အဆိုပါ ပါတီ ဖျက်သိမ်းမည့်အကြောင်းနှင့် ပတ်သက်၍ ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီ အလုပ်မှုဆောင်အဖွဲ့ဝင် ဦးစောလှထွန်းကလည်း ၎င်း၏ လူမှုကွန်ရက်မှတဆင့် အသိပေးစကား ပြောကြားထားသည်။

“ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီ ပါတီမှတ်ပုံတင်ခြင်းမှ ဖျက်သိမ်းရန် ဆောင်ရွက်နေပါပြီ”ဟု ဦးစောလှထွန်းက ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။

ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီသည် ယခင် ပြ ည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ပူးတွဲဥက္ကဋ္ဌဟောင်း သူရဦးရွှေမန်း ဦးဆောင် ဖွဲ့စည်းထားသည့် ပါတီဖြစ်ပြီး ၂၀၂၀ ရွေးကောက်ပွဲ မတိုင်မီ ၂၀၁၉ ခုနှစ်တွင် စတင်ထည်ထောင်ခဲ့သည့် ပါတီ ဖြစ်သည်။

သူရဦးရွှေမန်းသည် တပ်မတော်တွင် အရေးပါသည့် ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးပြီး သမ္မတ ဦးသိန်းစိန် လက်ထက်တွင် ပြည်ခိုင်ဖြိုးပါတီပူးတွဲဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်ထောင်စုလွှတ်တော်နာယက တာဝန်များထမ်းဆောင်ခဲ့သူဖြစ်ပြီး ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေးအတွက် လွှတ်တော်တွင်းမှ ကြိုးပမ်းခဲ့သူ တစ်ဦးလည်း ဖြစ်သည်။၎င်းသည် NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ပုဂ္ဂိုလ်ရေး ရင်းနှီးသူတစ်ဦးလည်း ဖြစ်သည်။

သူရဦးရွှေမန်း ဦးဆောင်သည့် ပြည်ထောင်စုကောင်းကျိုး ဆောင်ပါတီသည် ၂၀၂၀ ခုနှစ် အထွေထွေရွေး ကောက်ပွဲတွင်ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း မဲဆန္ဒနယ်အားလုံးတွင် အရေးနိမ့်ခဲ့သည့် အချိန်မှ စတင်ကာ လက်ရှိအချိန်ထိ ပါတီလှုပ်ရှားမှုများကို မတွေ့ရဘဲ ​ပျောက်ကွယ်နေခြင်း ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here