ရန်ကုန်၊ ပဲခူးနှင့် ဧရာဝတီတိုင်းတို့မှ PDF အဖွဲ့ဝင် ၁၇ ဦးအား မိဘများထံပြန်လည်အပ်နှံ

0
286

ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ် ၇ ခု၊ ပဲခူးနှင့်ဧရာဝတီတိုင်းတို့မှ ပြစ်မှုကျူးလွန်ခြင်းမရှိဘဲ ဥပဒေဘောင်အတွင်းပြန်လည်ဝင်ရောက်လာသည့် PDF အဖွဲ့ဝင် ၁၇ ဦးအား အောက်တိုဘာ ၁၁ ရက်နေ့လည်ပိုင်းက မိဘများထံပြန်လည်လွှဲ ပြောင်းအပ် နှံပေးခဲ့သည်။

ရန်ကုန်တိုင်းအစိုးရအဖွဲ့ရုံး၊မင်္ဂလာခန်းမ၌ ပြန် လည်ကြိုဆိုလက်ခံရာ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ် ချုပ်ညွန့်ဝင်းဆွေနှင့်တာဝန်ရှိသူများ၊ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသူများနှင့် ၎င်းတို့၏မိဘအုပ်ထိန်းသူများ တက်ရောက်ခဲ့ကြပြီး ရန်ကုန်တိုင်းဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး တိုင်းမှူးက အသိပညာပေးစကားများပြောကြားခဲ့ကြသည်။ 

ထို့နောက် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့သည့် ပြစ်မှုကျူးလွန်ခြင်းမရှိသော ရန် ကုန်တိုင်းရှိ တောင်ဥက္ကလာပ၊ အင်းစိန်၊ လှည်းကူး ၊ သန်လျင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)၊ ဆိပ်ကြီးခ နောင်တို၊ ကော့မှူးမြို့နယ်၊ ပဲခူးတိုင်း၊ အုတ်ဖိုမြို့ နယ်နှင့် ဧရာဝတီတိုင်း၊မအူပင်မြို့နယ်တို့မှ PDF အဖွဲ့ဝင် အမျိုးသား ၁၃ ဦးနှင့်အမျိုးသမီး ၄ ဦးတို့အား ခံဝန်ကတိလက်မှတ်ရေးထိုးစေပြီး ထောက် ပံ့ပစ္စည်းများပေးအပ်၍ မိဘအုပ်ထိန်းသူများထံ လွှဲပြောင်းအပ်နှံပေးခဲ့ကြသည်။

PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးအား နိုင်ငံ တော်၏ ရှေ့လုပ်ငန်းစဉ်များတွင် ပါဝင်ပူးပေါင်းဆောင်ရွက်နိုင်ရန် သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ဥပဒေဘောင်အတွင်း လက်နက်အပ်နှံ၍ ပြည်သူ့ဘဝသို့ပြန်လည်ဝင်ရောက်ပါက ကြိုဆိုလက်ခံသွားမည်ဟု နစက ကထုတ်ပြန်ထား သည်။

ထို့ကြောင့် ပြစ်မှုကျူးလွန်ခဲ့ခြင်းမရှိသည့် PDF အဖွဲ့ဝင်များက တိုင်းနှင့်ပြည်နယ်အသီးသီး၌ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လျက်ရှိ၍ သက်ဆိုင်ရာတာဝန်ရှိသူများက ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံသို့ လွှဲပြောင်းအပ်နှံပေးလျက်ရှိသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here