လားရှိုးမြို့တွင် ကုန်ပစ္စည်းများတင်လာသည့် AD Van နှင့်ဆိုင်ကယ်တိုက်မိ၍ ၂ ဦးဒဏ်ရာရ

0
605

ရှမ်းပြည်နယ်၊လားရှိုးမြို့၊ဘူတာလမ်းမကြီးတွင် အောက်တိုဘာ ၁၂ ရက်(ယနေ့)နံနက်အစောပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း လားရှိုးလူငယ်များလူမှုကူညီရေးအဖွဲ့(လားရှိုးမြို့)မှ သိရသည်။

ယနေ့နံနက် ၅ နာရီခွဲကျော်ခန့်က လားရှိုးမြို့၊ဘူတာလမ်းမကြီး၏ မြဝတီလမ်းထိပ်တွင် ကုန်ပစ္စည်းများတင်ဆောင်လာသည့် AD Van နှင့်ဆိုင်ကယ်တို့တိုက်မိကြောင်း သတင်းအရ လားရှိုးလူငယ်များလူမှုကူညီရေးအဖွဲ့(လားရှိုးမြို့)မှ ကူညီရန်သွားရောက်ခဲ့ကြသည်။

“သတင်းရရခြင်းသွားပြီးကူညီပေးခဲ့ပါတယ် ဆိုင်ကယ်မောင်းလာတဲ့ ၂ ယောက်ဒဏ်ရာရသွားတယ် ကားပေါ်ကလူတွေကတော့ထိခိုက်ဒဏ်ရာရတာမရှိဘူး ကားကပျက်စီးမှုတော့များတယ်”ဟု လားရှိုးလူငယ်များလူမှုကူညီရေးအဖွဲ့(လားရှိုးမြို့)၏ တာဝန်ရှိသူတစ်ဦးကပြောသည်။

ဖြစ်စဥ်၌ ထိခိုက်ဒဏ်ရာရရှိသူ ၂ ဦးအား သုံးဘီးမောင်းသူတစ်ဦးမှ ၎င်း၏သုံးဘီးပေါ်တင်ဆောင် ၍ လားရှိုးမြို့ပြည်သူ့ဆေးရုံကြီးသို့ အရေးပေါ်ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။

“ဒဏ်ရာရတဲ့ ၂ ယောက်ကို ဆေးရုံပို့ထားလိုက်တဲ့အတွက် ကျွန်တော်တို့က ကားပေါ်ပါလာတဲ့ကုန် ပစ္စည်းတွေကို ကူညီရွှေ့ပြောင်းပေးခဲ့ပါတယ် ကားကိုကရိန်းနဲ့သယ်ရတာ ဘယ်လိုကြောင့်တိုက်မိတယ်ဆိုတာတော့ ကျွန်တော်တို့မသိပါဘူး”ဟု လားရှိုးလူငယ်များလူမှုကူညီရေးအဖွဲ့(လားရှိုးမြို့)၏ တာဝန်ရှိသူတစ်ဦးကပြောသည်။

Photo-လားရှိုးလူငယ်များလူမှုကူညီရေးအဖွဲ့


LEAVE A REPLY

Please enter your comment!
Please enter your name here